Chapter 27 zawgyi

8K 60 3
                                    

🔸အဖြူရောင်နုနု🔸27

            အပိုင်း~၂၇

သမီး....ဒါငါ့သမီးလေးတဲ့လား။ဟုတ်ပါရဲ့ ကြည့်စမ်း..မျက်နှာကျပုံ၊မျက်လုံး၊မျက်ခုံး..နှုတ်ခမ်းနဲ့သွား
အထိသူနဲ့တူနေတာပဲကိုး။
" မွေးမှာသိလား၊ကိုကိုနဲ့တူအောင်မွေးပစ်အုံးမှာ"
ဆိုတဲ့ဖြူဖြူ့စကားကအမှန်ပဲပေါ့။

အများသွားလာနေတဲ့ကော်ရစ်တာမှာမို့..ဆက်ရပ်
နေကြဖို့မကောင်းလို့..ဘေးနားကပ်ကာလူနာစောင့်အတွက်ထားတဲ့ခုံတန်းလျားလေးမှာသမီးကိုထိုင်
စေပြီးသူလည်းဘေးမှာဝင်ထိုင်ရင်း...သမီးဘက်ကိုမျက်နှာလှည့်ကာ....
" တောင်းပန်ပါတယ်...သမီးရှိနေမှန်းတောင်မသိပဲ
အနှစ်နှစ်ဆယ်လုံးတွေ့အောင်မရှာနိုင်ပဲနေခဲ့
မိတာကို ..တာင်းပန်ပါတယ်....."
ဦးစွာတောင်းပန်စကားဆိုလိုက်ပြီး...
" သမီးအမေက ဘယ်လိုအတွေးနဲ့အဲ့လိုထွက်သွား
ခဲ့မှန်းမသိပေမယ့်.. ဘယ်တုန်းကမှ သမီးအမေကို
မစွန့်ပစ်ခဲ့သလို...မေ့လည်းမမေ့ခဲ့ပါဘူး..."

ရိပ်ကလေးကသူ့ကိုမော့ကြည့်ကာတအင့်အင့်နဲ့
ရှိုက်ငိုနေပါသည်။သူ့အိတ်ကပ်ထဲကစနိုးတာဝါထုတ်ကိုဖောက်ပြီးသမီးလက်ထဲကိုထည့်ပေးရင်း...

" အဲ့တုန်းက သမီးအမေကအရမ်းငယ်သေးတယ်..
အဖေတို့ကြောင့် သူစိတ်ဒဏ်ရာအများကြီးရခဲ့တယ်...
အဖေတို့ကြားမှာ နားလည်မှုတွေလွဲမှားခဲ့လို့...
ဒီလို သမီးတစ်ယောက်လုံးမျက်စိရှေ့ကိုရောက်နေတာတောင် သမီးမှန်းမသိခဲ့ရဘူး....
အားလုံးက အဖေ့အမှားတွေချည်းပါပဲ...."

သူသည်တရားခံတစ်ယောက်ကတရားရုံးမှာအယူခံ
ဝင်သလို...သမီးဆီမှာအယူခံဝင်ချင်သည်။
သမီးမျက်နှာကိုမရဲတရဲနဲ့ကြည့်ကာ...
"သမီးက အဖေ့ကို...ခွင့်လွှတ်ပေးနိုင်ပါ့မလား.."

ရိပ်သည်..အခုချိန်မှာများသူမရှေ့ကိုဦးကိုကိုရောက်လာပြီး ခွင့်လွှတ်ပါဟုပြောနေလျှင်သူမအနေနဲ့
ခွင့်လွှတ်နိုင်မှာမဟုတ်တာသေချာသော်လည်း..
အခုကြ...ဖခင်လို့မသိခင်ကတည်းကလေးစားခဲ့ရတဲ့ဆရာ၊သူမကိုသမီးမှန်းမသိတာတောင်ဖေးမ
ကာ မေတ္တာထားပေးခဲ့တဲ့သူမို့... သူမစိတ်ကဖခင်
အဖြစ်လက်ခံနိုင်လို့သာဒီနေရာအထိပြေးလိုက်လာ
တာသေချာသည်။
ရှိုက်သံလေးလည်းပျောက်ပြီးအတန်ကြာအထိ
တိတ်ဆိတ်နေခဲ့ပြီးမှ....
" ဖေဖေ......"
အင်မတန်မှတိုးရှညင်သာလွန်းတဲ့သမီးရဲ့အသံလေးက..သူ့အသည်းနှလုံးကိုဘယ်ညာဆွဲခါလှုပ်ရမ်း
စေခဲ့သည်။မျက်ရည်တွေကထိန်းမရတားမရစီးကျ
လာတော့မျက်မှန်ကိုချွတ်ပြီး လက်မနဲ့ဖိသုပ်ရ
သည်။ ဟား ...သမီးက သမီးကသူ့ကိုဖေဖေတဲ့။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now