Part - 30

30.2K 1.9K 142
                                    

Part - 30

                My Oleander Hubby

" ကဲ! ! ပြဿနာတွေက ဒီလိုပုံစံ့နဲရှင်းလို့မပြီးဘူးနော် ၊ နန်းမာလာ မင်းလဲ ငါ့သားမတ်ကို မကောင်းထပ် ပြောနေမယ်ဆိုရင် ထိုင်ရာကနေထသွားလိုက်တော့ ၊ စစ်မင်းနဲ့ငါပဲရှင်းမယ် ၊ သားကလဲ ဒယ်ဒီ့ကိုအကုန်ပြောပြ ၊ ဘာမှထိန်းချန်မထားနဲ့ "

ဒယ်ဒီစကားကြောင့် ဖြစ်စဉ်အကုန်လုံးကို သေချာပြောပြဖို့ဆုံးဖြတ်လိုက်သည် ။ အနည်းဆုံးတော့
ကိုယ် ရင်ဖွင့်ဖို့လိုအပ်နေပြီလေ။

" ပြီးခဲ့တဲ့နှစ်က မာမီဆေးရုံတက်ရတယ် ၊ ဒီမှာတော့မဟုတ်ဘူး ၊ ဟိုဘက်မှာဖြစ်တာ ၊ ကျွန်တော်
လိုက်သွားတဲ့အချိန် တော်တော်လေးဖြစ်နေလို့
ဆေးရုံမှာစောင့်ပေးခဲ့ရသေးတယ် ၊ ဒီနှစ်ထဲမှာ
ကျွန်တော်လက်ထပ်ဖို့ အသိလှမ်းပေးတဲ့အချိန်
လက်ထပ်ပွဲကို မာမီကတားတယ် ၊ သူ့ရောဂါကိုအကြောင်းပြပြီးတော့ပေါ့၊ ကျွန်တော်ကရှေ့
ဆက်တိုးတော့ ပြဿနာ အကြီးအကျယ်ဖြစ်ကျ
တာ "

"ပြောချင်တာက မင်းစပြီးလက်ထပ်မယ်ဆိုထဲက
သူကသဘောမတူတာပေါ့ ၊ အဲလိုလား "

" ဟုတ်တယ် ဒယ်ဒီ "

" ဒါကလဲ ကျမက "

မာမီ့စကားကိုvဆုံးအောင်နားမထောင်ဘဲ လက် ကာပြပြီးတားလိုက်သူက ဒယ်ဒီပါ ။

" ငါ့သားနဲ့ငါ နှစ်ယောက်ဖြေရှင်းမယ်လို့ ပြောထား
ပြီးသား ၊ မင်းဝင်မပြောနဲ့ ၊ ရှင်းချင်သပဆို ပြီးမှ
သားနဲ့မင်း နှစ်ယောက်ထပ်ပြီးရှင်း ၊ ငါနဲ့ရှင်းနေတုန်း
မင်းနားထောင်သူနေရာမှာပဲနေ ၊ စစ်မင်း စကားကိုဆက်ပြီးပြောတော့ "

ဒယ်ဒီစကားကြောင့် မာမီငြိမ်ကျသွားသည် ။

" အဲဒီအချိန်တုန်းက မာမီပြောခဲ့တာက  ရာဇ် နဲ့ 
ကျွန်တော်ဆိုတာ ယောက်ျားလေးချင်းမို့ သူစိုးရိမ် တယ် ၊ စိတ်ပူတယ်လို့ပြောတယ် ၊ ကျွန်တော်ပြန်
ပြောလိုက်မိတာက တသက်လုံးကတောင်လှည့်
မကြည့်ခဲ့ပဲနဲ့ အခုချိန်ကျမှ ဘာတွေလာပြီး စိုးရိမ်နေတာလဲပေါ့ ၊ မာမီကတော့ Boy to Boy အိမ်ထောင်ရေးကြောင့် ကျွန်တော့်အလုပ်တွေ ထိခိုက်လာနိုင်တယ်လို့ပြောသေးတယ် "

My Oleander Hubby ( Completed ) Where stories live. Discover now