Ep_23

4.9K 258 21
                                    

Unicode

ဖက်စပ်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်ပိုင်ရှင်က အစည်းအဝေးနှင့်တွေ့ဆုံ
ပွဲကို စင်ကာပူတောင်ပိုင်းဖြစ်သည့်Sentosa အပန်းဖြေကျွန်းမှာ ပြုလုပ်မည်ဟု အကြောင်းကြားလာသည့်အတွက်ကြောင့် private jetဖြင့် စင်ကာပူကိုရောက်ရောက်ခြင်းမှာပဲsecurity gurad တွေက လေယာဥ်ကွင်းမှာ အသင့်စောင့်နေကြသည်။ ခရီးနှစ်ဆင့်ဖြစ်
သည့်အတွက်ကြောင့် တွေ့ဆုံပွဲမစခင်အချိန် ဟိုတယ်မှာ စိတ်အေးလက်အေး အနားယူခွင့်ရ၏။

တိုင်း ဝိုင်ဖောက်ကာခွက်ကိုဖြည်းဖြည်းမွှေ့ရင်းအဖြူရောင်မွေ့ယာ
ကုတင်ကြီးဘေးမှာရှိသည့်မှန်တံခါးချပ်ကြီးတွေဘက်လှည့်ကာ ကျွန်း
၏အလှကိုခံစားနေသည်။ မြို့ပြ၏အငွေ့အသက်ကို သဘောမကျ
သည့်လူတွေအတွက်တော့ ဒီနေရာလေးဟာ နေရတာ အသင့်တော်ဆုံးနေရာလေးတစ်ခုပါပဲ။

နောက်ပြီးစင်ကာပူရောက်တုန်း Helix Bridge သွားဖြစ်အောင်သွားမည်ဟု စိတ်ကူးထားသော်လည်း အခြေအနေအရ ပွဲဟာကျွန်းမှာလုပ်ဖြစ်သွားသည့်အတွက် ကြောင့် သီးသန့်သွားဖို့အချိန်ပေးနိုင်တော့မည်မဟုတ်။ပြီးတော့လာပို့ထားသည့် မှန်ပြောင်းကြီးကိုသေချာကြည့်ပြီး ဝိုင်ခွက်ကိုအနားရှိစားပွဲပေါ်ချလိုက်သည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် CEOက တိုင်း ဟိုတယ်မှာအပန်ဖြေနေတဲ့အချိန်တွင် ကျွန်း၏ သဘာဝအလှတွေကိုအသေးစိတ်ခံစားရအောင် လာပို့ပေးထားခြင်းဖြစ်သည်။

အကြောင်းမှာတော့ ဒီကျွန်းကနေ အင်ဒိုနီးရှားအထိ မှန်ပြောင်းဖြင့် zoomဆွဲ ကြည့်လို့ရသည်တဲ့။ တန်ဖိုးကြီးမားလှသည့်ထိုမှန်ပြောင်းကြီးကို ကိုင်ကြည့်နေစဥ်မှာပဲ အခန်းရှေ့မှ ဘဲလ်တီးသံကြားလိုက်ရသည်နှင့် တိုင်းမျက်ခုံးတန်းတွေ တွန့်ချိုးသွား၏။

အခန်းတံခါးဖွင့်လိုက်သည်နှင့် အနက်ရောင် hoodie ဝတ်ထားပြီး
ဦးထုပ်အနက်စောင်းထားကာ mask အနက်တပ်ထားသည့်လူကြောင့် တိုင်းမျက်ဝန်းတွေပြူးကျယ်သွားရသည်။မသမာတဲ့လူအထင်နှင့်အော်ရန်နှုတ်ခမ်းဟလိုက်စဥ်ပါးစပ်ကို လက်ဖြင့် ဖိအုပ်ခံလိုက်ရပြီး ခါးကိုဆွဲဖက်ခံရကာ အခန်းတွင်းသို့ ထိုလူပါအတူဝင်လာသည်။ ဘုန်းဆက်မပါတာမလို့ တိုင်း ကြောက်လန့်ကာ ပါးစပ်ပေါ်မှ
ဖိအုပ်ထားသည့်လက်ကိုကိုက်ပစ်လိုက်၏။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now