အပိုင်း(၁၈)

10.8K 530 5
                                    

" အား....ကျွတ်..ကျွတ် ကိုက်လိုက်တဲ့ခေါင်း "
ငါဘယ်ရောက်နေတာလဲ၊ ငါတို့အဆောင်အခန်းမဟုတ်ဘူး။ လက်ရှိရောက်နေတဲ့အခန်းတွင်းအပြင်အဆင်တွေကြည့် luxury bedroom မှန်းသိသာစေတယ်။ ဒါဘယ်သူ့အခန်းလဲ..တစ်ဆစ်ဆစ်ကိုက်ခဲနေသောနဖူးကိုဖိနှိပ်ရင်း ဦးဏှောက်ကို ပုံမှန်ဖြစ်အောင်အလုပ်ပေးမိတယ်။ မနေ့က...မနေ့ညနေက ငါ ..ငကောင်းနဲ့ပြသနာဖြစ်ကြတယ်။ လမ်းမပေါ်မှာ။လူတစ်ဦးနဲ့ အရက်သောက်ကြတယ်။ဟင် ဒါဆို....ဒါဆို....

" ကောင်လေး...နိုးပြီလား"
"အစ်ကို..."

"အင်း.ကိုယ်လေ..ထနိုင်ရဲ့လား.. ဒီမှာ အရက်နာကျနေတဲ့ကောင်လေးအတွက် ပျားသံပုရာယူလာတယ်"
" ဟာ...ဟုတ်..ကျေးဇူးပါ အစ်ကို"

မနက်ခင်းအိပ်ယာထရင် ပထမဆုံး မြင်ရတဲ့ ချစ်သောသူမျက်နှာလောက် လောကကြီးမှာ ကျက်သရေနှင့်ပြည့်စုံနိုင်ပါ့မလား။ ကျွန်တော်ဘဝ မဂ်လာအပေါင်းနဲ့ပြည့်စုံခဲ့ပြီ။ ကိုယ်အိပ်ယာပေါ်မှ အိပ်ပျော်နေသော ချစ်သောသူမျက်နှာကို ငေးကြည့်မိရင်း အချိန်နာရီတွေမေ့။  မနက်အစောပိုင်းမှ အိပ်စက်ခဲ့ရပေမယ့် အားအင်ကုန်ခမ်းခြင်းမရှိ။ မနက်ခင်း အိပ်ယာနိုး မြင်ရတဲ့ ကောင်လေးမျက်နာကို သူမသိခင် ဘယ်နှစ်ကြိမ်း နမ်းရိူက်မိလဲ မမေးနဲ့။ မူးပြီး အိပ်ပျော်နေသော ကောင်လေးက အိမ်မက်ကမ္ဘာမှာ လည်ပတ်လို့။ ကိုယ်ကတော့ ကိုယ်ကမ္ဘာလေးဖြစ်တဲ့ကောင်လေးကို နမ်းရိူက်လို့ ပျော်နေမိတာ အတိုင်းအထက်အလွန်။

သူ့အသိစိတ်မရှိဘူး ဆိုဆို၊ အိပ်ပျော်နေတာလို့ပဲ ပြောပါစေ ကိုယ်အနားမှာ သူရှိတယ်စိတ်နဲ့ ကခုန်နေသောရင်ခုန်သံကို တစ်လောကလုံး ကြားစေလိမ့်မယ်။ ချစ်တယ်ကောင်လေး..ကိုယ်ဘဝရဲ့ ပဲ့ကိုင်သူအဖြစ်နဲ့ ဝင်လာခဲ့ပေးပါ။ အစ်ကိုက ချစ်ခံရတာ မုန်းလာသည်အထိ ချစ်ပေးမယ်။

"ဘယ်လိုလဲ အဆင်ပြေရဲ့လားကောင်လေး"

" ဟုတ် သက်သာတယ် အစ်ကို ဒါနဲ့....ကျွန်တော် ဒီကိုဘယ်လိုရောက်မိတာလဲ...ညက ဒုခပေးမိသေးလား...တောင်းပန်ပါတယ်အစ်ကို၊ အားလည်းနာမိပါတယ်"

"ဘယ်လိုရောက်လာမှန်းမမှတ်မိတော့ဘူးလား .ဟင်...ဘာပြသနာတွေဖြစ်ကြလို့မနေ့ညက ငိုယိုတဲ့အထိဖြစ်တာလဲ ..ကောင်လေးရ..ထားပါတော့ အစ်ကို ခုပဲပြောမလို့ အဲ့ကိစ္စ...ခုကိုယ့်Codoမှာ နေအုံး၊ ပြန်ရင်လည်း အဆောင်မှာ ကောင်လေးပဲရှိမှာ ကောင်းပြည့်လေး ညကတည်းက ရဲရင့် condo မှာတဲ့လေ ...အဲ့ကြောင့် ကောင်လေးလည်း စိတ်ပြေလက်ပျောက် ဒီမှာ ခဏ နေပါ့လား..အစ်ကိုက တစ်ခါတစ်လေမှ နေဖစ်တာ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now