Chapter 79

2.6K 571 47
                                    


Chapter 79: အဖွား

လီဝမ်ရှင်းဘာလို့ဒီလိုတွေးခဲ့လဲဆိုရင် သူတို့နှစ်ယောက်ဟာ လုံးဝမတူတဲ့ ရုပ်ရှင်နှစ်ကားမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခဲ့ကြပြီး ရင်းရင်းနှီးနှီးဆက်လက်သရုပ်ဆောင်ခဲ့တာကြောင့်ဖြစ်သည်။

စုမင် တစ်ယောက်တည်းနေလာတာကြာပြီးမို့လို့ ရုပ်ရှင်ထဲမှာ သူ့ကိုယ်သူလုံးဝလွတ်လပ်ခွင့်ပေးခဲ့တာဖြစ်နိုင်လား။
သူ့မျက်နှာအမူအယာကိုကြည့်တာနဲ့ ဘာတွေတွေးဘာတွေတွေးနေလဲဆိုတာ စုမင်ခန့်မှန်းမိသည်။
သူတိုက်ရိုက်ပြောလိုက်တယ် .."ရုပ်ရှင်ပဲကြည့်စမ်းပါ ... စကားအရမ်းမများနဲ့"

လီဝမ်ရှင်းစိတ်ထိခိုက်စွာဖြင့် .."ငါ့ကိုဒီလိုမေးခွန်းတွေ မေးရအောင်ဘယ်သူလုပ်လဲပြောလေ?"

ဝမ်ဒီပြောလာတယ် .."ဟုတ်တယ် ... မင်းလုပ်ရပ်ကြောင့် ပရိသတ်တစ်ခုလုံးအသက်ရှုရပ်သွားတာ မတွေ့ဘူးလား?"

စုမင် "……..…" ရှက်ဖို့ကောင်းလိုက်တာ

ကံကောင်းထောက်မစွာ ဤမြင်ကွင်းသည် အနည်းငယ်မျှသာ ကြာပါသည်။ ဒီတခါ အချိန်အတော်ကြာထိပြသရခြင်းမှာ ဇာတ်လိုက်မက မျက်မြင်သက်သေတွေ့ထားလို့ဖြစ်ပြီး နောက်ပိုင်း သူကဇာတ်လိုက်မဟုတ်တာကြောင့် အချို့အပိုင်းအများစုမှာ မထုတ်ပြထားချေ။

ရုပ်ရှင်ထဲ၌ အဓိကစုမင်ပါနေရခြင်းမှာ ဇာတ်လိုက်တွေနဲ့အတူတကွလုပ်ဆောင်နေတာမို့လို့ပင်။

ထိုအကြောင်းပြောရရင် နည်းနည်းတော့ထူးဆန်းသည်။ ဇာတ်ကားတိုင်းလိုလို ဇာတ်လိုက်အများစုက သူ့အပေါ်အလွန်ဖော်ရွေပြီး သူ့က်ိုတခါလေးမှတောင် သံသယမဝင်ကြပေ။

ဒီရုပ်ရှင်ထဲက ဇာတ်လိုက်မကသင်္ကာမကင်းဖြစ်ခဲ့ပေမယ့် ကွဲပြားသည်။ တကယ်တမ်း သူ့ကိုအလွန်အမင်းယုံကြည်ပါသေး၏။

သူ့ပုံစံက လူကောင်းပုံပေါ်လို့ဖြစ်နိုင်သည်ဟု စုမင်ခံစားမိသည်။

လီဝမ်ရှင်းခပ်ပေါ့ပေါ့ဆိုတယ် .."မင်းရဲ့ဆွဲဆောင်မှုကြောင့်နေမှာပေါ့"

"အဲ့စွမ်းရည်က လူတိုင်းအာရုံကိုဆွဲဆောင်နိုင်တယ်ပေါ့?" ရုပ်ရှင်ရုံထဲက ပရိသတ်တွေကို ဝမ်ဒီညွှန်ပြပြီး .."စုမင် ... မင်းကြောင့် ဒီလူတွေအားလုံး အံ့အား‌သင့်သွားတာ မင်းမြင်နိုင်တယ်မလား?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now