OSOL10 {U+Z}🚫🚨🚨

8.4K 339 7
                                        

Unicode

အဟမ်းးး ခေါင်းစဉ်လေးတစ်ချက်ကြည့်ပေးပါနော်။ဖတ်ချင်လည်းဖတ်ပါ။မဖတ်ချင်လည်းကျော်သွားပေးပါနော်။ဒီတစ်ပိုင်းလုံးကအမှောင်သီးသန့်ပါကျော်သွားလို့ရပါတယ်ရှင်။

ရှောင်းကျန့် အချိုရည်တစ်ခွက်သောက်လိုက်ပြီးအချိုပွဲစားနေတုန်းမှာဘဲသူ့ခန္ဓာကိုယ်ကတစ်ခုခုပြောင်းလဲလာတာကိုခံစားမိသည်။

!ဘာလဲ Heatလား။ ဒါ~ ဒါပေမဲ့ငါ့Heatကလိုသေးတယ်လေ။အဲ့ဒါကိုဘာဖြစ်လို့အခုငါ့ခန္ဓာကိုယ်ကပူလာရတာလဲ။ငါအချိုရည်တစ်ခွက်ဘဲသောက်ထားတာပါ။ဘယ်လိုဖြစ်လို့!

သူတွေးရင်းသူ့ခန္ဓာကိုယ်ကအားအင်တွေယူပစ်လိုက်သလိုခံစားလိုက်ရတာကြောင့်ဘေးကစားပွဲကိုကိုင်ပြီးကိုယ့်ကိုကိုယ်ထိန်းလိုက်ရသည်။သူ့ခေါင်းတွေအရမ်းမူးပြီးပစ်လဲချင်သလိုဖြစ်နေပေမယ့်ကိုယ့်ကိုယ်က်ုယအနည်းငယ်တော့ထိန်းလို့ရသေးတာကြောင့်အိမ်ပြန်ဖို့ကျိုးချန်ကိုရှာမိသည်။သူတစ်ယောက်ထဲဆိုရင်တော့ပြန်ဖို့အဆင်ပြေမည်မဟုတ်ပေ။

ရိပေါ်သန့်စင်ခန်းခဏသွားပြီးပြန်လာတော့ရှောင်းကိုသူ့နေရာမှာမတွေ့တော့တာကြောင့်သူလိုက်ရှာကြည့်‌တော့
ရှောင်းကိုပွဲထဲမှာမတွေ့ရတော့။
ရှောင်းကသူ့ကိုနှုတ်မဆက်ဘဲပြန်သွားတာများလားလို့ထင်မိ‌ပေမယ့်လည်းရှောင်းရဲ့သူငယ်ချင်းကျိုးချန်ဆိုတဲ့လူကိုတော့တွေ့တာမို့ရှောင်းမပြန်သေးဘူးဆိုတာသိလိုက်ရသည်။ကျိုးချန်ဆိုသူကိုမေးကြည့်တော့လည်းရှောင်းကိုမတွေ့ဘူးဆိုတာကြောင့်သူစိတ်ပူလာရသည်။

ရှောင်းကတစ်ယောက်တည်းပြန်မယ်ဆိုရင်တောင်သူ့သူငယ်ချင်းကိုမပြောဘဲပြန်မည်မဟုတ်ပေ။ဒါကြောင့်ရှောင်းကဒီပွဲထဲမှာဘဲရှိလောက်ဦးမှာ။သူအတော်ကြာတဲ့ထိရှာနေပေမဲ့ပွဲထဲတွင်ရှောင်းရဲ့အရိပ်အယောင်တောင်မတွေ့ရပေ။ခြံတစ်ခုလုံးကိုလည်းသူရှာပြီးပြီ။ဒါပေမဲ့ရှောင်းရဲ့အရိပ်အယောင်ကိုမတွေ့ရသေးပေ။အလုပ်သမားတန်းလျားတွေဘက်မှာလည်းမရှိပေ။နောက်ဆုံးသူရှာစရာကအိမ်အတွင်းဘဲရှိတော့တယ်။

Other Side Of Love  (Complete)Where stories live. Discover now