Chapter unicode 28+End

44K 1K 105
                                    

🔸အဖြူရောင်နုနု🔸28

            အပိုင်း~၂၈

ဒီနေ့ကျောင်းပိတ်ရက်မို့နံနက်စောစောကတည်းက
ထပြီးမီးဖိုချောင်၀င်ကာချက်ပြုတ်နေတဲ့နုနု..
" ဒါကိုသက်သက်ထည့်မှာ...နောက်ထပ်ဘူးတစ်ဘူးသွားယူပေးအုံး.."
" ဟုတ်ကဲ့မမ..."

နုနုအမေက ပထမလေဖြန်းတာပြန်ကောင်းလာပြီး
နုနုကလေးမွေးတော့လည်းအနားမှာရှိသေးသည်။
ဟိန်း၅တန်းရောက်မှအိမ်မှာဦးနှောက်သွေးကြော
ပျက်ပြီးသေဆုံးသွားခြင်းဖြစ်သည်။ဒေါ်လေးကလည်းလွန်ခဲ့တဲ့၄နှစ်ကခံတွင်းကင်ဆာနဲ့ဆုံးသွားပြန်
တယ်။အရင်က MaMa's girlဖြစ်ခဲ့တဲ့နုနုဟာ
အမေဆုံးသွားပြီးကတည်းက တစ်ယောက်ထဲဦး
ဆောင်ကာရင့်ကျက်လာဖို့ကြိုးစားရသည်။
ခင်ပွန်းသည်ထားခဲ့တဲ့ပစ္စည်းထဲကတစ်ချို့ကိုထုခွဲ
ရောင်းချပြီးရတဲ့ငွေကိုဘဏ်ထဲထည့်ကာသားနဲ့သူမ လူတန်းစေ့နေထိုင်စားသောက်နိုင်ခဲ့သည်။

ခင်ပွန်းထားခဲ့တဲ့ပစ္စည်းတွေကတန်ဖိုးကြီးလွန်းပါတယ်၊ကိုဗညားရှိန်းကအမြှော်အမြင်ကြီးကြီးနဲ့များ
ဒီလိုပေးခဲ့သလားမပြောတတ်ပါဘူး။
အခုတော့သားရယ်သူမရယ်..ဆွေမျိုးနီးစပ်ထဲက
ခလေးတစ်ယောက်ကိုအိမ်ခေါ်ထားပြီး..အပူအပင်
ကင်းကင်းနေနေရပါပြီ။
သားရှေ့ရေးလည်းတွေးပူစရာမလိုတော့ဘူး၊ရှေ့နေတွေနဲ့သေချာလုပ်ထားတာကြောင့်အချိန်တန်ရင်
သူ့အဖေပိုင်တာတွေကိုသားကရမည်ဖြစ်သည်။
မရလည်းသိပ်ပူစရာမရှိ အနည်းဆုံးတော့သားက
ဆရာ၀န်ဘ၀နဲ့သူ့လမ်းသူလျှောက်နိုင်ပြီဖြစ်သည်။

မနက်စာအဆာပြေနဲ့နေ့လည်စာဟင်းဘူးများပြင်
ဆင်ပြီးအိတ်ထဲကိုထည့်ကာ..
" ဟိန်းရေ အခုထိမထသေးဘူးလား.."
သားတော်မောင်ကို၀င်ရောက်နှိုးသည်။မနေ့ကပြန်
လာကတည်းကပင်ပန်းလို့ဆိုပြီးတစ်ချိုးထဲအိပ်နေ
တာမို့...
" သားအဲ့လောက်ပင်ပန်းရင် နောင်နှစ်ဘာမှ၀င်
မကန်နဲ့တော့..."
ဟိန်း သည်ခြုံစောင်ထဲကဆတ်ခနဲထလာပြီး..
" မဟုတ်ပါဘူးမေမေရာ တစ်ရက်နှစ်ရက်ပါပဲ.."
" ကိုယ်တွေလက်တွေနာနေပြီမှတ်လား၊ ဘောလုံး
ကန်ရင်းအရိုးတွေဘာတွေကျိုးသွားရင်ဆရာ၀န်မဖြစ်ခင် ဒီအမေရင်ကျိုးရချည်ရဲ့ ..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now