Chapter - 30

17.4K 952 85
                                    

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားကနေ ခက်ခက်ခဲခဲ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ အရင်တုန်းကတည်ရှိနေခဲ့တဲ့ ကုမုဒြာရဲ့ခံစားချက်တွေက အစိတ်စိတ်အမွှာမွှာကွဲကျေကာ အရင်လိုပြန်ပြီး ဖြစ်မလာနိုင်တော့ပေ ။

ကုမုဒြာဆိုတဲ့ပန်းလေးက မိခင်ရဲ့အပြုံးတွေနဲ့အတူ ရှင်သန်လာပြီး မိခင်အပြုံးတွေ ပျောက်ကွယ်သွားချိန်မှာ မိခင်ပေးခဲ့တဲ့ ခွေးလေးကိုအဖော်ပြုရင်း ဘယ်တော့များ မိခင်လာခေါ်မလဲ စောင့်နေခဲ့သည် ။ သူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ခွေးလေးဟာလဲ ရုတ်တရပ်ပျောက်ကွယ်သွားကာ သူ့ထံမိခင်ပြန်လာဖို့အတွက် လမ်းစမရှိတော့ဘူးဟု ထင်မိလာသည် ။

ရုတ်တရပ် သူ့လိုမျိုး အဖော်မဲ့ကာအထီးကျန်နေတဲ့ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အနားမှာ ရှိနေစေဖို့ ချုပ်နှောင်ခဲ့မိသည် ။ သူငတ်မွတ်နေခဲ့တဲ့ မေတ္တာတရားကို ထိုလူသားလေးထံကနေရရှိဖို့မျှော်လင့်နေခဲ့ပေမဲ့ ထိုအရာက သူ့အပေါ်နွေးထွေးမှုမပေးတဲ့အပြင် အမြဲနာကျင်စေကာ အဆုံးမှာပြစ်ပယ်ခံလိုက်ရပြန်သည် ။ ဒီလိုနဲ့ကုမုဒြာရဲ့စိတ်နှလုံးအိမ်ထဲမှာ ဒါဏ်ရာတွေအထပ်ထပ်ဖြစ်ပေါ်နေခဲ့ပြီး အဆုံးမှာဘယ်အရာကိုမှ သူ့အပေါ်နူးညံ့လာဖို့ မျှော်လင့်ချက်မထားတော့ပေ ။ အဖြစ်အပျက်တွေအားလုံးပြီးတဲ့နောက်မှာ သူ့ဘဝရဲ့အမှားတွေကို ပြန်သုံးသပ်မိလာသည် ။

ကုမုဒြာဟာ အရာအားလုံးကို လက်လွှတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီး အနာဂတ်မှာ လူတွေမက်မောနေကြတဲ့ သူပိုင်ဆိုင်သည့်စည်းစိမ်ကြွယ်ဝချမ်းသာမှုတွေကို စွန့်လွှတ်ကာ သူ့အပေါ်နွေးထွေးမှုအစစ်အမှန်ပေးနိုင်မဲ့ သူ့ရဲ့တစ်ဦးတည်းသောရင်သွေးလေးနဲ့အတူ သာမန်ဘဝလေးမှာသာ ရှင်သန်ဖို့ ဆုံးဖြတ်လိုက်လေသည် ။

ကုမုဒြာအိမ်မက်ဆိုးကြီးကနေ နိုးထလာချိန်မှာတော့ သူ့ရဲ့အမြင်အာရုံထဲ၌ အဖြူရောင်မျက်နှာကြပ်က စည်းကြိုနေသည် ။ ခုချိန်မှာ လူတွေနဲ့အဝေးဆုံးနေရာကိုသာ ပြေးထွက်သွားပြီး နောက်ထပ်သူနဲ့ရင်သွေးလေးကို ထပ်ပြီးနှောက်ယှက်ခွင့်ပြုမည်မဟုတ်တော့ပေ ။ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်မှာလဲ နာကျင်မှုတွေကင်းဝေးကာ ပျော်ရွှင်မှုတွေသာ ရရှိနိုင်တဲ့ သာမန်ဘဝလေးအဖြစ်နဲ့ သာ ရှင်သန်ချင်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now