Chapter....11

29.6K 1.9K 50
                                    

ကျောင်းဝင်းထဲသို့ အရှိန်မှန်မှန်နဲ့ ဝင်ရောက်
လာသည့်ကားက စက်သံရပ်၍ တုန်ခနဲ့ရပ်
ဆိုင်းသွားပါ၏။

အတင်းနမ်းရှိုက်ထားလို့ နှုတ်ခမ်းပါးတွေဖူး
ယောင်ပြည့်တင်း၍ အနည်းငယ်ပေါက်သွား
သည့်ကြားက ဆူထော်ကာ တည်စေရာမိုင်ကို
မျက်စောင်းတခဲခဲနဲ့ မကျေနပ်စွာကြည့်နေ
သည့်နိူင်း....။

"မဆင်းဘူးလား....ကျောင်းရောက်နေပြီလေ"

"သိတယ်လူယုတ်မာ....မျက်စီမကန်းသေးဘူး"

"မသိဘူးဆိုရင် ခုနလိုအပြစ်ပေးချင်လို့"

"ထပ်ထိရင်ထိရဲထိကြည့်လေ...အသက်ချင်း
လဲပစ်မယ်...ခင်ဗျားကြည့်နေ...ခင်ဗျားရဲ့အ
ကျင့်မကောင်းတဲ့အောက်တန်းကျမူတွေကို
ဖေဖေသိအောင်လုပ်ပြမယ်"

"ယောက္ခမကြီးမသိခင် ကို့ရဲ့အောက်တန်းကျ
မူတွေကဘယ်ထိဆိုးဝါးလဲဆိုတာစမ်းသပ်ပြ
ရတာပေါ့အလှလေး"

ဒိုင်းခနဲ့ကျရောက်လာတဲ့ မျက်စောင်းစူးစူးလှ
လှတွေကြောင့် တည်စေရာမိုင်ရင်ဘတ်ကိုဖိ
ပြီး ရင်ဘတ်တည့်တည့်ကိုထိသွားသည့်ဟန်
လုပ်ပြလိုက်၏။

"အား....ရင်ဘတ်ထဲထိ...ထိသွားပြီကွာ"

"တစ်ခါတည်း သေလိုက်ပါလား"

"အလှလေးကို ပိုင်ဆိုင်ပြီးမှပျော်ပျော်ကြီး
သေလိုက်မယ်"

တောက်တစ်ချက်ပြင်းပြင်းခေါက်သံနဲ့အတူ
ကားတံခါးကို အားနဲ့ပိတ်ချလိုက်လေ၏။

"ဟေ့....ညနေကျရင် လာကြိုမယ်"

မျက်စီတစ်ဖက်မှိတ်ပြပြီးပြောလာတဲ့ တည်
စေရာမိုင်ကို အမြင်ကပ်ကပ်နဲ့ လက်ခလယ်
ထောင်ပြပြီး ကျောင်းထဲသို့ဝင်လိုက်လေ၏။

ကားထဲမှာကျန်ခဲ့တဲ့ တည်စေရာမိုင်ကတော့
သူ့ရဲ့အစီအစဥ်တွေကို တဖြည်းဖြည်းပုံဖော်
ရန်တွေးလိုက်ပြီး ခပ်မဲ့မဲ့အပြုံးကိုပြုံးလိုက်
လေ၏။

ထိုစဥ် ကားနားသို့ ကုတ်ချောင်းကုတ်ချောင်း
နှင့်ရောက်လာတဲ့လူတစ်ယောက်...သေချာ
ကြည့်လိုက်တော့မှ ဘယ်တော့မှအကောင်း
မမြင်လေတဲ့သူ့အကိုစစ်စစ်....။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now