139

5.3K 1K 59
                                    

Unicode

သုံးရက်ကြာပြီးနောက်..

ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့က ယုကျားတည်းခိုဆောင်၊ ချန်ယန်းအခန်းရှေ့ကို ချိန်းထားတဲ့အချိန်အတိုင်း အရောက်သွားခဲ့တယ်။

တကယ်တော့ "ယုကျားတည်းခိုဆောင်" ဆိုတဲ့နာမည်ကို မြင်လိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းတစ်ယောက် သူ့ရဲ့မျက်နှာပေါ်မှာ အနက်ရောင်မျဉ်းကြောင်းတွေ ထင်ဟပ်လာသလို ခံစားလိုက်ရတယ်။ (= _= lll ) နှုတ်ခမ်းတောင် မဲ့ရွဲ့သွားသလိုပဲ။

‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုထဲကို ဝိဉာဉ်ကူးပြောင်းလာရမယ်မှန်း ကြိုသိထားခဲ့ရင် အဲ့ဟိုတယ်ရဲ့နာမည်ကို ယူမရေးခဲ့ပါဘူး။ နာမည်စဉ်းစားမရလို့သာ ငှားသုံးမိခဲ့တာ။ တစ်ခုတော့ရှိတယ်၊ သူ့ဝတ္ထုထဲမှာပါတဲ့ ယုကျားတည်းခိုဆောင်က ခေတ်သစ်ဟိုတယ်တွေလို မဟုတ်ဘူး။ စားသောက်၊ ပျော်ပါး၊ အနားယူတာ စတဲ့အရာအားလုံး ယုကျားတည်းခိုဆောင်မှာ လုပ်လို့ရနိုင်တယ်။

သူ့ရဲ့အိမ်မှာ ဝတ္ထုမူကြမ်းရေးနေတဲ့ အချိန်တုန်းကပေါ့၊ ကိစ္စတစ်ခုကြောင့် သူအရမ်းဒေါသထွက်နေခဲ့တာ၊ အဲ့အချိန်မှာပဲ ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုအတွက် တည်းခိုဆောင်နာမည်ရေးဖို့ လိုအပ်လာလေရော။ သူလည်း အရမ်းပျင်းနေတော့ ခေါင်းရှုပ်ခံပြီး မစဉ်းစားချင်ခဲ့ဘူး။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ သူ့အိမ်ရဲ့မျက်နှာချင်းဆိုင်မှာ ‘Home Hotel’ ဆိုတဲ့ ဟိုတယ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲ့တာနဲ့ အဲ့နာမည်ကိုပဲ အငှားယူသုံးလိုက်ပြီး သူ့ရဲ့ဝတ္ထုထဲမှာ ထည့်ရေးပစ်လိုက်တယ်။

(TN : ‘Jia’ ဆိုတာ Home ကိုပဲပြောတာပါ၊ ပြောရရင် အင်္ဂလိပ်နာမည်ကို တရုတ်မှုပြုလိုက်တာမျိုးပေါ့။ McDonald’s ဆို ‘Mai Dang Lao’ လို့ သံတူကြောင်းတွဲရေးသားတာမျိုး။)

စဉ်းစားကြည့်ရင် သူလုပ်ခဲ့သမျှက ‘Home Hotel’ ကို ကြော်ငြာပေးလိုက်သလိုပဲ။ သူ့ကြောင့် ‘Home Hotel’ က မတူညီတဲ့ တခြားအပြိုင်ကမ္ဘာတစ်ခုမှာ ဆိုင်ခွဲဖွင့်လှစ်နိုင်တဲ့ ပထမဆုံးလုပ်ငန်းဖြစ်လာခဲ့ပြီလေ။ အဲ့တော့ ‘Home Hotel’ ကနေ ကြော်ငြာခနည်းနည်းလောက်တော့ ရသင့်တယ်မဟုတ်ပါလား..? ဘာလို့လဲဆိုတော့ မူလကမ္ဘာမှာရှိတဲ့ အပေါစားဟိုတယ်က ဒီကမ္ဘာမှာတော့ ကမ္ဘာ့အဆင့်မီဟိုတယ်ကြီးလိုပဲ။ လုံးဝကွာခြားလွန်းတယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now