Chapter 26.2

4.4K 854 16
                                    

(Unicode)

လူတိုင်းက မွှေးကြိုင်သင်းပျံ့တဲ့ ကန်စွန်းဥကင်ကို စားနေကြတာကို သူမြင်ခဲ့ပြီး ၊ သူက အရမ်းလောဘကြီးသွားတယ်။ ပူတာဖြစ်ဖြစ် မပူတာဖြစ်ဖြစ် ကိစ္စမရှိတော့ပဲ  ကန်စွန်းဥတွေကို ချိုးလိုက်ကာ တစ်ကိုက်,ကိုက်ဖို့တောင် မစောင့်နိုင်တော့ပါဘူး။  ရုတ်တရက် သူ့ရဲ့ပါးစပ်ထဲမှာ ချိုမြိန်တဲ့ရနံ့က ပြည့်သွားပြီး သူ့ရဲ့အပူလောင်သွားတဲ့ သစ်သားလျှာက  လုံးဝလျစ်လျူရှုခံလိုက်ရတယ်။ ပိုင်မုက သူ့ရဲ့ဆန္ဒစောနေတဲ့ပုံစံကို ကြည့်ပြီး  သူ့လျှာအပူလောင်သွားမှာကို စိုးရိမ်ကာ ဆန္ဒစောနေတာကနေ သူ့ကိုရပ်တန့်ဖို့ ကြိုးစားခဲ့တယ်။

"ပြုတ်ကျဖို့လွယ်ကူတဲ့ ဆေးရောင်ခြယ်က အရမ်းပူတယ်။ ” (ပူတယ်၊ အရမ်းအရသာရှိတယ်) ခြင်္သေ့လေးက သူ့လက်ထဲက စွဲမက်ဖို့ ကောင်းတဲ့ ကန်စွန်းဥကင်ကို ဖြေရှင်းဖို့ ကြိုးစားရင်း ပြောလိုက်တယ်။

ခြင်္သေ့လေးက အပူမ‌လောင်ပဲ အရမ်းကို ပျော်ပျော်ရွှင်ရွှင်စားနေတာကို ပိုင်မုက  မြင်လိုက်ရပြီး Orcsတွေက  အတွင်းဘက်ဖြစ်ဖြစ် အပြင်ဘက်ဖြစ်ဖြစ် တကယ်ကို ကြမ်းတမ်းပြီး ထူထဲတာပဲလို့ သက်ပြင်းချခဲ့တယ်။  ပြီးတော့ ကန်စွန်းဥကင်က ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် တခြားကမ္ဘာမှာပဲဖြစ်ဖြစ် အရမ်းနာမည်ကြီးတာပဲ။ 

ဒီတစ်ကြိမ်မှာတော့ သူတို့က ကန်စွန်းဥတွေအများကြီးယူပြန်လာပြီး ပိုင်မုက သူတို့အားလုံးကို ဖုတ်လိုက်တယ်။ ဦးလေးဘာရွန်ဆီပို့ပေးဖို့ ခဲယ်အတွက် တစ်ပုံကို ‌ဘေးမှာ ဖယ်ထားပါတယ်။ခဲယ်လ်တစ်က ကန်စွန်းဥကင်နှစ်လုံးကို စားပြီးနောက် တစ်စုံတစ်ခုကို ပို့ဆောင်ပေးဖို့ ဦးလေးဘာရွန်ဆီ သွားခဲ့တယ်။

ညစာစားတော့ ပိုင်မုတို့နှစ်ယောက်သားက နေ့လည်စာကို အရမ်းနောက်ကျမှစားခဲ့ပြီး တော်တော်များများ စားခဲ့တာကြောင့် ညကျတော့ သူတို့က ပုံမှန်ထက် လျှော့စားခဲ့ကြတယ်။နောက်ဆုံးတော့ အိန်ဂျလိုလုပ်ထားတဲ့ အသားကင်တွေအကုန်လုံးက ကျန်ခဲ့ပြီး နောက်နေ့စားဖို့ အဆင်သင့်ဖြစ်သွားခဲ့တယ်။  စားပြီးတဲ့နောက် မှောင်နေပြီးဖြစ်ပြီး ပိုင်မုက မီးမှိန်မှိန်အောက်မှာ သကြားရေ ချက်ချင်တဲ့အချိန်ကျတော့ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။ အဆုံးကျတော့ ပြုပြင်ဖို့အတွက် နောက်နေ့မနက်ကို စောင့်ရတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now