အပိုင်း (၁)

25.3K 410 17
                                    

"သမီး... ဒါလေးယူမလား။"

Marketတွင် အရုပ်ဝယ်ပေးဖို့အတွက် ခေါ်လာခဲ့သောမာမီက ငယ်ကြိုက်မည်ထင်သည့် အရုပ်များကို တစ်ခုပြီးတစ်ခု ကိုင်မြှောက်ပြနေရင်း ဒီတစ်ခေါက် ပုတ်သင်ညိုအရုပ်လေးအလှည့်မှာ ငယ်သဘောတကျဖြစ်သွားတော့သည်။

ထို့ကြောင့် ခေါင်းငြိမ့်ပြရင်း မာမီ့လက်ထဲမှ အစိမ်းရောင် ပုတ်သင်ညိုရုပ်ကို လှမ်းယူဖြစ်ခဲ့သည်။

"ဒီအရုပ်ကြီးကို ကြိုက်တာသေချာရဲ့လားသမီးရယ်။ တော်ကြာနေ ညဘက်တွေလန့်နေပါဦးမယ်ကွယ်"

"ငယ်ကြိုက်တယ် မေမေ။ ဒါက အစိမ်းရောင်လေးလေ ထည်ဝါလည်းကြိုက်မှာ....."

၆နှစ်အရွယ် သမီးငယ်သည် သူ့လောက်နီးနီးရှိသော ပုတ်သင်ညိုအရုပ်ကြီးကို ဖက်တွယ်ထားရင်းပျော်ရွှင်နေသည်မို့ ဒေါ်ဧကရီဦးသည် ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်ခဲ့ပြီး ကောင်တာတွင် ကျသင့်ငွေရှင်းပေးခဲ့ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။

"ဟိုးမှာ ထည်ဝါ မေမေ။ ငယ့်ကို ကားရပ်ပေးနော်..."

သမီးငယ်၏စကားကြောင့် ကားစက်ကိုရပ်ပေးလိုက်သည့် ချက်ချင်းမှာပဲ ကားတံခါးကိုဖွင့်ပြီး ခုန်ချပြေးထွက်သွားသည့် သမီးငယ်က ပြေးနေရင်းမှ...
"ထည်ဝါ ထည်ဝါ..." ဟုလည်း မနားတမ်းအော်ခေါ်သွားနေသည်။

သမီးငယ်သည် ထိုကောင်လေးအား တော်တော်လေးကို တွယ်တာရှာပါသည်။ ဆေးရုံတစ်ခုထဲမှာ မွေးဖွားဖို့ တစ်ရက်တည်းရောက်လာခဲ့ပြီး၊ တစ်ခန်းတည်းကို အတူမျှသုံးခဲ့ကြသည့် မိခင်နှစ်ဦးက မြင်မြင်ချင်းပဲ အချင်းချင်းရဲ့ ဗိုက်တွေကိုထိတွေ့ကြပြီး ရင်းနှီးသွားခဲ့သည်က ဒီကလေးနှစ်ယောက်၏ ကိုယ်ဝန်အာသီသကြောင့်ပဲ ဖြစ်သည်။

တစ်ရက်စော၍ မွေးသော သမီးငယ်သည် အင်္ဂါသမီးဖြစ်ပြီး၊ နောက်တစ်ရက် ဗုဒ္ဓဟူးမှာမွေးဖွားသော ထိုကောင်လေးသည် ထည်ဝါဖြစ်ခဲ့သည်။

ကလေးတွေ ငယ်စဥ်မှာလဲ ရေစက်ကြောင့်လို့ပဲ ပြောရမလားမသိပေမယ့် အိမ်လမ်းချင်းမတူသော်လည်း ဧကရီနှင့်ထည်ဝါ့အမေတို့သည် ညနေဘက်တိုင်းလိုလို တွေ့ဖြစ်ခဲ့ကြသည်။

အချစ်ဦး (Completed)Where stories live. Discover now