ကိုကိုလူဆိုးep(8)💞💞(uni)
"မောင် "
"မင်းလာပြန်ပြီလားကွာ"
"အကူအညီတောင်းစရာရှိလို့ပါမောင်ရဲ့"
"ထပ်ပက်သက်စရာမရှိတော့တာကို မင်းကိုကူညီပြီးငါကဘာလို့ဇာတ်လမ်းစပေးနေရမှာလဲ မင်းလစ်တော့"
"နေပါဦး ရနံ့ကိုကူညီပါမောင်"
"ပြောပြောကွာ မြန်မြန်ပြော"
"ရနံ့လေ ရနံ့အမျိုးသားနဲ့ကွာရှင်းလာတာပါ သူကလျှော်ကြေးတွေလည်းမပေးဘူးအဟင့် ရနံ့မေမေတို့ဆီပြန်ဖို့လမ်းစရိတ်မရှိလို့ပါ"
"မင်းအမျိုးသားဆိုတာက မင်းကျောင်းတက်တုန်းကမင်းရဲ့စပွန်ဆာအဘိုးကြီးလား အဟွန်း ခုတော့စွန့်ပစ်ခံရပြီပေါ့"
"ရနံ့ကိုတော့ကူညီပါမောင်"
"ထပ်လာမပက်သက်နဲ့ဒါဆိုကူညီမယ်"
"ကတိပေးပါတယ်မောင်..."
"မောင်ဆိုတာကိုအရင်ပြင်"
"အင်း အင်းပါ နေသွေးမာန်ရယ် ရနံ့ကတိပေးပါတယ် ထပ်လာမပက်သက်တော့ပါဘူး"
"မတည်ရင် မင်းဘဝ စုတ်ပြတ်သတ်သွားအောင်ငါလုပ်နိုင်တယ်ဆိုတာကိုရော သိထား ရော့ သိန်းနှစ်ဆယ် မင်းမိဘတွေဆီပြန်ပြီးကောင်းကောင်းမွန်မွန်အသက်မွေးပါ"
"ကျေးဇူးပါ နေသွေး"
"ရပြီမလား မင်းပြန်တော့"
"......"
ရနံထွက်သွားသည်နှင့်မာန်ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ
"ကျစ်" သူတကယ်စိတ်အနှောက်အယှက်ဖြစ်သွားတာအမှန်ပင် ဘယ်လောက်ပင်မုန်းပါတယ်ပြောပြောဒီလိုသတင်းကြားရတာ့သူတကယ်စိတ်မကောင်းပါ။
အတိတ်ကာလဆီသို့....
သူနဲ့ရနံ့ဟာစီးပွားရေးတက္ကသိုလ်မှာစတွေ့ကြရာနေစတယ်။
မေဂျာလည်းတူအခန်းလည်းတူတာမို့အလှဆုံးဖြစ်သည့်Queen (သင်းရနံ့)ကိုသူသဘောကျပြီးဖွင့်ပြောခဲ့သည်။
စတွဲတဲ့တစ်လနှစ်လမှာအဆင်ပြေနေပေမယ့် 5လလောက်ကြာတဲ့အချိန်မှာတော့မာန်တကယ်သည်းမခံနိုင်တော့ပါ။တောင်းလိုက်တဲ့လက်ဆောင် ရှင်းလိုက်ရတဲ့ငွေတွေ။မာန်ဟာအဲ့တုန်းကကျောင်းတက်စမို့အသုံးအဖြုန်းကြီးတဲ့သူလည်းမဟုတ်ပါ။သို့ပေမယ့်သင်းရနံ့အတွက်သာသူသုံးဖြုန်းနေမိသည်။
ВЫ ЧИТАЕТЕ
ကိုကိုလူဆိုး (Complete)
Любовные романыwarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့💓
