Description

75.1K 3.4K 120
                                    

Unicode

ရှီယွင်နန်သည် ငယ်စဉ်ကတည်းက မိဘများဆီမှ တခြားနိုင်ငံသို့ နှင်ထုတ်ခံထားရတဲ့ အချစ်မခံရတဲံ ကလေးဖြစ်၏။ သို့သော်လည်း သူက ပျော်ပါးပြီး ပြဿနာရှာရန် သူ့ရုပ်ရည်ကို မှီခိုနေရဆဲပင်~

ရလဒ်အနေနဲ့တော့ သူသည် သူရဲ့အကြီးအကဲများက လိမ်ညာအိမ်ပြန်လာခိုင်းကာ လော့မိသားစုရဲ့ သခင်ငယ်လေးနှင့်လက်ထပ်ရမည်ဟု ပြောလာလေသည်။

"ဒါက ဘယ်လိုတောင် ရှေးခတ်အယူဝါဒကြီးလဲ?  လက်မခံနိုင်ဘူး!"

ရှီယွင်နန်  ထိုညတွင် သူရဲ့ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး နောက်နေ့မှာ ထွက်ပြေးရန် စီစဉ်ခဲ့သော် လည်း သူ အိပ်ပျော်သွားသောအခါတွင် ဆိုးရွားသော အဖြစ်အပျက်တစ်ခုကို အိပ်မက်မက်ခဲ့သည်။

သူ့ဘဝက စာအုပ်တစ်အုပ်ထဲက ဇာတ်ပို့တစ်ယောက်သာသာပဲလို့ အိပ်မက်မက်လေသည်။ သူသည် စာအုပ်ထဲသို့ ကူးပြောင်းလာသော ဇာတ်လိုက်နှင့် အဆင်မပြေသောကြောင့် နောက်ဆုံးတွင် လူတိုင်းရဲ့ စွန့်ပစ်ခြင်းခံရသည့် အခြေအနေဖြင့် အဆုံးသတ်ခဲ့သည်။

ဒီအဖြစ်ဆိုးအားလုံးက  ဒီလက်ထပ်ပွဲကနေ ထွက်ပြေးတာကနေ စတင်ခဲ့၏။

နိုးလာပြီးနောက် ရှီယွင်နန်သည် သူ့အိမ်တံခါးဝမှာ  လာပိတ်ထားသည့်  အရာအားလုံးမှာ နစ်မြုပ်သွားဖို့ အချိန်မရှိပေ။

"ကျွန်တော်တို့လော့မိသားစုက ဒုတိယသခင်လေးနဲ့ မတန်ဖူးလို့များ ဒုတိယသခင်လေးက ထင်နေတာလား?"

သူ့ရှေ့ကလူက ကောင်းကင်က ပေးအပ်ထားသည့် မျက်နှာရှိပြီး သူ့စိတ်နေစိတ်ထားကလည်း မူးဝေချင်စရာဖြစ်ပြီး ပြောင်မြောက်လွန်း၏။ သူ့တစ်ကိုယ် လုံးကို တန်ဖိုးကြီးဇိမ်ကျကျ ၀တ်စုံများဖြင့် ဆင် ထားသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် တင်ထားသော ထိုခြေတံရှည်များကတောင် ဒုတိယသခင် လေးရှီရဲ့ အလှအပခံစားတတ်တဲ့စိတ်ကို ရှော့ရစေလေသည်။

ဟူးးး ငါက မိဘတွေ စီစဉ်တာကို နားထောင်တဲ့ လိမ္မာတဲ့ ကောင်လေးပဲ။

ရှီယွင်နန် သုံးစက္ကန့်လောက် ဟန်ဆောင်ပြီးနောက် ထမင်းစေ့ကောက်နေတဲ့ ကြက်ကလေးလို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ "တန်တာပေါ့! ခင်ဗျားက အရမ်းထိုက်တန်တယ်!!လက်ထပ်ပွဲရော စီစဉ်ပြီးပြီလား? လောင်ကုန်း~"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now