1

36.1K 3.2K 189
                                    

Unicode

သူ့ရှပ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို
မတပ်ထားဘဲ  သပ်ရပ်လှပသော ညှပ်ရိုးများကို ပေါ်လွင်စေကာ ပူပြင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတစ်မျိုးကို စိမ့်ထွက်လာစေလေသည်။

ရှီယွင်နန်သည် အစေခံရဲ့အကြည့်ကို သတိထားမိသွားပြီး သူ့လေသံမြင့်လိုက်ကာ  "မင်းကဒီမှာ လူသစ်လား? မင်းကြည့်ရတာ မရင်းနှီးတဲ့ ရုပ်ပဲ။"

ခေါင်းပေါ်မှ အလင်းရောင်ဖျော့ဖျော့က သူ့မျက်လုံးများရှိ အပြုံးကို ရောင်ပြန်ဟပ်ကာ လူအများရဲ့နှလုံးသားကို မြူဆွယ်နေလေသည်။

အစေခံငယ်လေးက​ ထိတ်​လန့်​သွားပြီး နားရွက်​​များပင်​ နီရဲလာကာ "ဒုတိယသခင်​လေး၊ ကျွန်​​တော်က​..."

သူပြန်မဖြေမီ အောက်ထပ်မှ စကားတိုးတိုးပြောနေသည့်အသံ ထွက်ပေါ်လာကာ

"ဒီလို အရေးကြီးတဲ့အချိန်မှာ ဒုတိယသခင်လေးက ဘာလို့ပြန်လာတာလဲ?"

"ဘယ်သူသိမှာလဲ? သူပြန်လာတိုင်း အမြဲတမ်း မုန်းခံနေရတာ မဟုတ်ဘူးလား? နိုင်ငံခြားကို အပို့ခံထားရတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ? ဒီမိသားစုမှာ သူ့အတွက်နေရာ ရှိလို့လား?"

"ကုမ္ပဏီထဲမှာ ပြဿနာတစ်ခုတက်နေတယ်လို့ ကြားတယ်၊ သခင်ကြီးက ဒုတိယသခင်ငယ်လေးကို အကူအညီတောင်းဖို့ ခေါ်လိုက်တာတဲ့။"

"ကူညီဖို့ ? လာနောက်နေတာလားပဲ။ နိုင်ငံခြားမှာ ရှိနေတုန်း အသုံးအဖြန်းကြီးပြီး အသောက်အစားမက်တဲ့ သူ့ပုံစံနဲ့ဆို ပြန်လာပြီး တတိယသခင်လေးနဲ့ အမွေလာလုတာပဲ ဖြစ်မယ်"

ထမင်းစားချိန်မတိုင်မီ အေးအေးဆေးဆေး အချိန် ကို အသုံးချပြီး ကျန်အိမ်ဖော်များသည် ပထမထပ်ရှိ ပရိဘောကခန်းထဲတွင် ပုန်းအောင်းကာ အသံတိုးတိုးဖြင့် စကားစမြည်ပြောနေကြသည်။ ထိုအခိုက်အတန့် တွင်အသံသည် ဆက်တိုက် ထွက်ပေါ် လာနေသည်။

ရှီယွင်နန်ရဲ့ မိခင်အရင်းသေဆုံးသည့်နှစ်တွင်၊ သူ့အသက်ရှစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာဘဲ အိမ်ကအကြီးအကဲများက သူ့ကို နိုင်ငံခြားသို့ ပို့ခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now