အလင်း(Arc -1)

15.8K 1K 3
                                    

<Unicode>
*အလင်းလို့ပဲသုံးပါတော့မယ်*

ဒေါက် ဒေါက်

"ဝင်ခဲ့"

"လင်း ရင်ခုန်နေလား"

(bunny သူက)

(host ရဲ့အမ ဇာတ်လိုက်မသက်ထားပါ)

"ဘာမှမဖြစ်ပါဘူး လင်းရဲ့ မေမေတို့ကလက်ခံမှာပါ ပီးတော့လင်းအနားမှာမမရှိနေတယ်လေ"

သက်ထားတဲ့ပြောပုံအရဆိုသူကအခုမှcome outလုပ်ဖို့ပြင်ဆင်နေပုံရသည်။သက်ထားကအလင်းရဲ့လက်ကိုဆုတ်ကိုင်ကာအချိုသာဆုံးပြုံးပြသည်။

"လာ အောက်ထပ်ဆင်းကြမယ်"

"ဟုတ်"

သက်ထားဟာအလင်းရဲ့လက်ကိုဆွဲကာအောက်ထပ်သို့ဆင်းလာပီးဧည့်ခန်းသို့သွားတော့ဧည့်ခန်းထဲတွင်ရုပ်ရှင်ကြည့်နေကြသည့်အလင်းရဲ့အဖေနဲ့အမေ။

"မေမေ ဖေဖေ"

"သားနဲ့သမီး လာလေ"

"ဟို သားပြောစရာရှိတယ်မေမေနဲ့ဖေဖေ"

"ပြောလေ"

TVကိုပိတ်လိုက်ကာအဖေရောအမေရောကသူ့ကိုအာရုံစိုက်လာကြသည်။သက်ထားကသူ့လက်ကိုခပ်တင်းတင်းဆုတ်ကိုင်ကာပြုံး၍ခေါင်းငြိမ့်ပြသည်။

"တကယ်တော့ကျနော်ကမေမေတို့ထင်သလိုလူမျိုးမဟုတ်ပါဘူး"

"......"

"ကျနော်ကgayတစ်ယောက်ပါ ပီးတော့ကျနော့်မှာချစ်သူလဲရှိနေပါပီ"

"ဘာ!ဟင့်အင်း မဖြစ်ဘူး အလင်း!နင်ဘယ်လိုတောင်..."

"မိန်းမ စိတ်ထိန်း"

"ရှင့်သားက ရှင့်သားက.."

"လာအပြင်မှာခနသွားပြောရအောင်"

အဖေကအမေ့လက်ကိုဆွဲကာအပြင်သို့ထွက်သွားတော့သည်။

"ဘာမှမကြောက်နဲ့လင်း မမရှိတယ်နော် မေမေတို့ကစိတ်ဆိုးလို့ပါ ဘာမှမဖြစ်ဘူး"

"ဟုတ်"

ခနနေတော့အမေနဲ့အဖေကအခန်းထဲပြန်ဝင်လာသည်။အမေရဲ့မျက်နှာကခုနကလိုတင်းမာမနေတော့ပဲနူးညံ့ပျော့ပျောင်းနေသည်။

"အလင်း သားသေချာပီလား"

"သေချာပါပီဖေဖေ"

"ဟုတ်ပီ ဖေဖေနဲ့မေမေကသားကိုလက်ခံတယ် သားစိတ်ချမ်းသာရင်ရပီ"

Love System (Completed)Where stories live. Discover now