Ep_28

5.6K 262 8
                                    

Unicode

"ဟဲ့!ဟဲ့!မပြီးသေးဘူးလား၊ဒီနေ့သခင်လေးကိုယ်တိုင် လူစစ်မှာနော်"

"အေ..ပြီးပါပြီဟယ်..ခဏလေးနေပါအုံး"

"မြန်မြန်လုပ်"

အိပ်ဆောင်မှ ဝန်ထမ်းတွေတစ်ယောက်နှင့်တစ်ယောက် လူစောင့်ကာ
ပြောလိုက်ခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့်ဝန်ထမ်းတွေလဲ ကပြာ
ကယာပင် uniformနဲ့ ဆံပင်တွေကိုသေချာ ဖီးတင်ပြီးမှအဆောင်
အောက်အပြေးဆင်း၍သက်သာအနေအထားဖြင့်ရပ်နေကြသည်။
သိပ်မကြာပါ မန်နေဂျာနှင့် အိမ်တော်ထိန်းရောက်လာ၍ ဝန်ထမ်းတွေ
အားလူစစ်ကြည့်သည်။ ထို့နောက် တိုင်းပါရောက်လာလျှင် ဝန်ထမ်း
တွေ၏အကြည့်က တိုင်းထံတည်ကြကုန်၏။ ၆ နှစ်ကြာပြီးနောက်
စံအိမ်တွင် အသစ်ရောက်လာသော ဝန်ထမ်းတွေကပိုများသည်။

ထို့ကြောင့် တိုင်းရောက်လာသည်နှင့် အကုန်လုံးကခေါင်းငုံ့ထားလျက်
နဲ့ပင်ချောင်းကြည့်ကြသည်။ အညိုရောင်suit အပြည့်အစုံဖြင့်ရွှေ
ရောင်ကြိုးပါသည့် မျက်မှန်အဝိုင်းကိုတပ်ဆင်ထားသည့်ထိုလူက
နှုတ်ခမ်းမှာတော့ မရိုးနိုင်သော မာန်မာနကောက်ကြောင်းအပြည့်ပေါ်
လွင်နေတုန်းပါပဲ။လက်မှာတော့ စတီးတုပ်ကောက် တစ်ချောင်းကိုသာ
ကိုင်ထားသည်။ ၃၂နှစ်အရွယ်ရှိနေသော ထိုလူသားဟာ နွေ၊ မိုး၊ ဆောင်း ဟူ၍ ရာသီတွေသာအလီလီပြောင်းလဲသွားမယ် အသွင်
သဏ္ဍန်ကတော့ အသားပိုဖြူလာတာကလွဲရင် ကျန်တာမပြောင်းလဲပေ။

တန်းစီရပ်နေသည့် ဝန်ထမ်းတွေ အနားသွား၍ စတီးတုတ်ကောက်ဖြင့် ခပ်ဖြည်းဖြည်း ထောက်လျှောက်ကာ တစ်ယောက်ချင်းဆီလိုက်ကြည့်သည်။

"ဒီဘက်က မိန်းကလေးတွေက လူသစ်တွေမလား"

"ဟုတ်ပါတယ် သခင်လေး"

"သူတို့အတွက် အခန်းတွေလိုက်ပြပေးလိုက်ပါ"

uniform ဝတ်ဆင်ပုံနဲ့ ဆံပင်သပ်ရပ်လား သေချာစစ်ဆေးပြီးနောက် လှည့်ထွက်လာလျှင်ဒေါ်မြညိုကမန်နေဂျာအားဆက်လုပ်
ထားရန်ပြောထားခဲ့ပြီး တိုင်း၏အနောက်မှလိုက်ပါလာ၏။

"သခင်လေး ဟိုတယ်သွားအုံးမှာလား"

တုတ်ကောက်ဖြင့် တစ်လှမ်းချင်းသွားနေသည့် တိုင်းအား ဒေါ်မြညို
မေးလျှင် ခြေစုံရပ်၍ ပင့်သက်ရှိုက်၏။ ၆နှစ်အတွင်း ဟိုတယ်ကြီး
မပြိုလဲအောင် အဘက်ဘက်မှအနိုင်နိုင်ကြိုးစားနေရသော်လည်း
ဟိုတယ် ဖွင့်ပွဲပြီးစမှာပဲ ကားချောက်ထဲထိုးကျမှုကြောင့် ၆နှစ်ကြာတိုင် ရှယ်ယာစျေးကတော့ ကျနေစမြဲပါပဲ။

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now