မာန် မြူးငယ်ကိုဆေးရုံအပြေးခေါ်သွားကာ စစ်ဆေးခိုင်းလိုက်ပြီး မာန်ကိုယ်တိုင်က မြူးငယ် မာမီ့ဆီဖုန်းခေါ်ကာ အကျိုးအကြောင်းရှင်းပြပြီးဆေးရုံသို့လာခိုင်းလိုက်သည်။
"ကျွီး"
"အန်တီတို့ရောက်လာပြီလား"
"အေး သားရယ် ဘယ်လိုများဖြစ်သွားတာလဲကွယ်"
"ကျွန်တော့်ကြောင့်ပါအန်တီ ကျွန်တော်တောင်းပန်ပါတယ်"
"ဟင် ဘာများဖြစ်ကြတာလဲကွယ်"
"ကျွန်တော်တို့စေ့စပ်ပွဲကိုလက်မခံပါရစေနဲ့အန်တီ"
"အော် သားမာန်ရယ် အဲ့တာမင်းမေမေနဲ့အန်တီတို့ရဲ့ငယ်ငယ်ကကတိစကားကြောင့်ပါ ပြီးတော့ သမီးကလည်းသားကိုသဘောကျနေတော့ သားလက်ခံပေးပါလားကွယ်"
"......."
"သားမှာသဘောကျရမဲ့သူရှိနေလို့လား ဒါမှမဟုတ် ချစ်သူတွေ...."
"မရှိပါဘူးအန်တီ သားစဥ်းစားလိုက်ပါဦးမယ် ခွင့်ပြုပါဦး"
ဒီနေ့တစ်နေ့ရဲ့ပြဿနာက သူ့ကိုတကယ်စိတ်ပင်ပန်းစေသည်။
မြူးငယ်ကနေလည်းမကောင်း။သူသာဒီစေ့စပ်ပွဲကိုငြင်းလိုက်ရင် မြူးငယ်ရှော့ရပြီးတစ်ခုခုဖြစ်သွားနိုင်သည်။ငယ်ငယ်ကတည်းကမြူးငယ်ရဲ့တဇွတ်ထိုးအကျင့်ကိုသိနေတာမို့မာန်စဥ်းစားရကျပ်သွားသည်။
"ဟူး"
မာန်ဆေးရုံကထွက်ပြီး ကားမောင်းထွက်သွားသည်နှင့် ဒေါ်မူယာငယ် သမီးဖြစ်သူကိိုလှုပ်နိုးလိုက်ကာ
"ထတော့ရပြီး ညည်းအေ မာမီဖြင့်လန့်သွားတာပဲ"
"ဘာလန့်စရာလိုလို့လဲမာမီရဲ့ သမီးရဲ့အကြံကို မာမီမသိတာလဲမဟုတ်"
"အခုတော့ငါကပါကြံရာပါဖြစ်ကုန်ပြီး သားမာန်တကယ်စိတ်ရှုပ်သွားတယ်ထင်တယ်သမီးရယ်အဲ့လိုမလုပ်ကောင်းပါဘူးကွယ်"
"အဲ့လိုမှမလုပ်ရင် ဦးမာန်ကသမီးကိုယူမယ်မထင်ဘူးမာမီ သမီးဦးမာန်ကိုအဆုံးရှုံးမခံနိုင်ဘူး"
"ဖြစ်ရလေဟယ် ညည်းဦးလေးထည်ဝါကိုဘယ်လိုများစည်းရုံးလိုက်တာလဲ"
STAI LEGGENDO
ကိုကိုလူဆိုး (Complete)
Storie d'amorewarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့💓
