အခန်း ၁၅၃ + ၁၅၄ + ၁၅၅ + ၁၅၆

1.2K 87 10
                                    



ချောင်အဆင်ပြေမှပြေရဲ့လားလို့သာ သူမကိုမေးလိုက်တော့မည်။

လွန်ခဲ့သောငါးနှစ်ကတည်းက ချောင့်ကို ဂရုစိုက်ပြသခွင့်ဆုံးရှုံးခဲ့ရသည်။

လုက ချောင့်ကိုမချစ်နိုင်တာကြောင့် ချောင့်ကို ချစ်ကြောင်း တစ်စွန်းတစ်စတောင် အရိပ်အယောင် မပြဖို့ ဆုံးဖြတ်ခဲ့ခြင်းသာ။

ဒီနှစ်တွေမှာ လုတစ်ယောက် ချောင့်ကို အကြိမ်ကြိမ်ဆက်သွယ်ရန် ဆန္ဒရှိခဲ့သော်လည်း အချိန်တိုင်းမှာ သူ့ကိုယ်သူ ချောင်နှင့် ခပ်ဝေးဝေးကိုထွက်သွားစေခဲ့သည်။

လုအနေနဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာ ကိုကြောက်သည်။

သူတို့လက်ထပ်ပြီးတဲ့နောက်မှာ လုက အိမ်ကိုသိပ်မသွားခဲ့ရတဲ့အကြောင်းက သူတို့အတူတူနေတဲ့အချိန်ပိုများလာရင် သူ့ကိုယ်သူ ထိန်းဖို့ပိုခက်လိမ့်မည်။

ဒါတောင်မှ ချောင် စိတ်ဆိုးနေခဲ့မလားလို့ သူစိုး
ရိမ်တဲ့အချိန်မှာ ပိုပြီးတောင် ထိန်းချုပ်နိုင်စွမ်းမရှိလေဖြစ်သည်။

လု ဖုန်းကိုဆုပ်ကိုင်ပြီး ခဏလောက်တိတ်ဆိတ်သွားပြီးနောက် သူကစိတ်ကိုတည်ငြိမ်အောင် ထိန်းရင်း ။

အသံအနိမ့်နိမ့်ဖြင့်ပြောလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်နဲ့ ပေါ့ဆမှုမရှိဘဲ အသံကောင်းထွက်ရန် ကြိုးစားလိုက်သည်။

"ငါ weibo မှာသတင်းတွေ့တယ် ..... "

အမှန်တော့ လုက အဲဒီအရှုပ်အရှင်းကြောင့် ဖုန်းဆက်ရတာ။

ချောင်ကတော့ မျက်တောင်ကို နှိမ့်လိုက်ပြီး ပြန်မဖြေခင် ခဏလောက် အငြိမ်သား။

"မနေ့က ဓာတ်ပုံရိုက်နေတယ်ဆိုတာ ငါ သတိမထားမိဘူး။
မင်းကို ဒီထဲကိုဆွဲထည့်မိတဲ့အတွက်
တောင်းပန်ပါတယ်။ "

လုဘက်က အဲဒီသတင်းနဲ့ ပတ်သက်ပြီး သူမကို အပြစ်ဖို့ရန် ခေါ်ခဲ့ခြင်းမဟုတ်ပေ။

ဒါ့အပြင် လုကအရှုပ်တော်ပုံကို နည်းနည်းလေးမှတောင် စိတ်မ၀င်စားရှာဘူး။

တကယ်တော့ လုကအဲဒါကို တော်တော်လေးကြိုက်ခဲ့တဲ့ပုံ။

သူ့ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ ဘယ်လိုဆက်ပြောရမှန်းမသိလေတော့။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now