အခန်း * ၁၆၆ - ၁၇၀ *

1.2K 75 4
                                    



ဆောင်ရှန်စီက လု အနီးသို့ ကပ်လာရန် စောင့်ဆိုင်းနေခဲ့ပြီး သူမပတ်ဝန်းကျင်ရှိ လူအုပ်ကို လူစုခွဲရန် သူမလက်ကို မြှောက်လိုက်သည်။

သူ့နံဘေးသို့ ငြိမ်သက်စွာ ခြေလှမ်းအနည်းငယ်လှမ်းကာ "ကျွန်မ ထင်ထားတာထက်တောင် အစောကြီး ရောက်လာတာပဲ" လို့ပြောလိုက်သည်။

ဆောင်ရှန်စီက လု ကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။

"ဟယ် ဆရာလုကြီး ဘယ်လောက်တောင်များ သူလေးကို စိတ်ပူနေခဲ့တာလဲ မသိပါဘူး ... ချွေးတွေတောင် ထွက်နေပြီ။ ဒီကို ပြေးလာတာလား? ဆံပင်တွေ ရှုပ်ပွနေတာပဲ .."

လု သူမကို အဖက်မလုပ်။

ဘာအမူအယာမှ မပြနေဘဲ သူ့မျက်လုံးများက ထိုင်ခုံပေါ်၌ အနားယူနေသော ချောင်တစ်ယောက် အပေါ်မတက်မီ သူ့မျက်လုံးအစုံက သူမကိုသာ လိုက်ကြည့်နေမိလျက်။

အကြောင်းသိတဲ့ ရှောင်မန်းနဲ့ ပြောနေရင်း ချောင်က ခေါင်းလှည့်နေခဲ့ပြီး သူမအပြုံးတွေက တောက်ပနေဆဲ၊ သူမပုံစံမှာ ဘာပဋိပက္ခမျှ အရိပ်အမြွက်မျှ မရှိနေပါ။

ထိုအချိန်တွင် လုသိလိုက်တာက၊

သူ့ကို ဆောင်ရှန်စီ ဂျင်းထည့်ခဲ့တယ်လို့။

ထို့ကြောင့် သူ့အေးစက်စက် မျက်လုံးများက သူမဆီသို့ ရွေ့သွားပြီး မှိုင်းညို့နေသော မျက်နှာဘေးနဲ့ လှည့်ထွက်ခွာသွားဖို့ပြင်သည်။

"အယ် ... ဆရာလုရေ မသွားနဲ့ဦးလေ ! "

ဆောင်ရှန်စီက လုခြေရာကို လှမ်းဖမ်းလိုက်သည်။

သူမက မကြောက်မရွံ့ မော့ကြည့်ရင်း သူ့ကံဆိုးမှုမှာ စိတ်အားထက်သန်လွန်းသဖြင့်

"ဆရာလုကြီး ... ချွေးတွေ ရွဲနေရော၊ ဒီကို တလမ်းလုံးပြေးလာတာမလား? ဟုတ်မယ်။ တကယ်ပြေးလာတာပဲ။ မဆံပင်တွေ အကုန်ပွယကုန်ပြီ... ဒါပေမယ့် အချောကြီးဖြစ်နေတုန်းပဲ..."

လု ဆောင်ရှန်စီအကြောင်း ကောင်းကောင်းသိသည်။

သူမကို ပိုအာရုံစိုက်လေလေ အားလျော့လေလေ၊ ထို့ကြောင့် သူချက်ချင်းပင် သူမစကားပြောနေတာကို လျစ်လျူရှုထားလိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now