Chapter - 55 (U+Z)

10.8K 1.5K 42
                                    

(UNICODE)

အခန်း ၅၅ - စုံစမ်းစစ်ဆေးရေး

မာရှယ် ​မန်တန် အန္တရာယ်မှ လွတ်ကင်းသွားပြီဖြစ်သောကြောင့် Planet Belle ရှိလူများသည် နောက်ဆုံးတွင် စိတ်ချမ်းသာစွာ အနားယူနိုင်ဖြစ်​သော်လည်း ကု စံအိမ်၏ ဧည့်ခန်းရှိ လေထုသည် အလွန် တင်းမာ​နေခဲ့သည်။

အ​မေကုသည် အနက်​ရောင်နှင့်အ​ဖြူ​ရောင်စပ် plaid စကပ်ကို ဝတ်ဆင်ထားပြီး ဆံနွယ်များကိုလိုက်​ခွေထားသည်မှာ စွမ်း​ဆောင်ရည်ရှိပုံ​ပေါ်ပြီး လှပတင့်တယ်​နေသည်။ သူမမျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေ​သော်လည်း အပြုံးက မျက်လုံးများဆီသို့ မရောက်​ခဲ့ပေ။ သူမနဲ့ မျက်နှာချင်းဆိုင် ထိုင်​နေသည့် ရုပ်ရည်သန့်ပြန့်ပုံ​ပေါ်သည့် ​အမျိုးသားကို ကြည့်ရင်း သူမ အလျင်မလိုစွာ ​ပြောလိုက်သည်။

"ကုအန်း၊ မင်း စိတ်လှုပ်ရှားစရာ မလို​ပါဘူး။ ဒီအဒေါ်က နေမကောင်းဖြစ်နေတာ နှစ်အတော်ကြာနေပြီ၊ တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ အဲ့ဒါ​ကြောင့်ပဲ မင်းဦး​လေးရဲ့ မ​တော်တဆ မဖြစ်ခင်က ဘာ​တွေဖြစ်ခဲ့လဲဆိုတာ အ​ဒေါ်မှတ်မိလာ​ဖို့ မင်းကူ​ပြီး စဥ်းစား​ပေးရ​အောင်လို့ မင်းကို ဒီလာခိုင်းလိုက်တာ။"

ကုအန်းနဲ့ ကုလီဟန်တို့၏အဘိုးနှစ်ဦးစလုံးသည် ညီအစ်ကိုများ ဖြစ်ကြသည်။  ကုအန်းက ကုလီဟန်ထက် 2 နှစ်သာငယ်သော်လည်း သူ၏ နူးညံ့သောအသွင်အပြင်ကြောင့် ကုအန်းက ငယ်ရွယ်နုပျိုနေပုံရသည်။ ကုအန်း သူ့လက်များကို ဒူးပေါ်တင်ကာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ့လက်ချောင်းတွေက ဖြူဖွေးနေခဲ့ပြီး သူက ပြုံးလျက် တောင်းပန်ရင်း

"​ဒေါ်​လေး ကျွန်တော် သေသေချာချာ စဥ်းစားပေမယ့် တကယ်မမှတ်မိဘူး။ ဦးလေး မတော်တဆမှုဖြစ်တုန်းက ကျွန်​တော် အသက် ၆ နှစ်ပဲ ရှိသေးတယ်"

သူ ခေတ္တရပ်ပြီး

"အဲ့ဒီသတင်းကြား​တော့ အ​ဖေ အရမ်းဝမ်းနည်းခဲ့ရတာကိုပဲ မှတ်မိ​တော့တယ်”

အ​မေကုသည် သူ့မျက်နှာကို လှမ်းကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချပြီး

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now