"ဒီလမ်းက အန္တရာယ်များပါတယ် သခင်လေး။ ငါပဲ သွားလိုက်ပါ့မယ်...သတ်မှတ်ထားတဲ့ ရက်အတွင်းငါပြန်လာခဲ့မယ်လို့ ကတိပေးတယ်။"
"မလိုဘူး ဒရယ်ဂွန်။ ကျွန်တော်ဦးဆောင်မယ်...."
သူတည်တင်းတင်းနဲ့ပဲ ပြောလိုက်ပြီး အိတ်ထဲကို ရေဘူးနှင့် အစာခြောက်များအပြင် လက်နှိပ်ဓာတ်မီး၊ သံလိုက်အိမ်မြှောင်နှင့် ဓားမြှောင်တစ်ခုကိုပါ ထည့်ပြီး လိုလိုမယ်မယ် ဝတ်စုံတစ်စုံကိုပါ ယူခဲ့လိုက်သည်။
"အဆင်သင့်ဖြစ်ရင် စထွက်မယ်။"
တဲအိမ်ကနေအပြင်ထွက်လိုက်ပြီး ပြောလိုက်သည့် သူ့စကားကြောင့် မလှမ်းမကမ်းရှိမြေစိုက်တဲများမှ ထွက်လာကြသည့် အမျိုးသားက ငါးဦးခန့်မျှသာရှိသည်။ သူနှင့်ဒရယ်ဂွန်ပါ ပါမှ လူဦးရေက (၇) ယောက်ဖြစ်မည်။
"မြေးငယ်..."
"ဟုတ်ကဲ့......."
ချောင်းသာမှာ ဖြစ်ပျက်သွားသည့် ကိစ္စများကြောင့် သူအနေနဲ့ အဖိုးဖြစ်သူအား ဖေဖေကြီးဟုခေါ်ရမည်ကို နှုတ်မရဲတော့ပေ။ သူ့မျက်စိရှေ့မှ လူသည် သူတို့အားလုံး၏သခင်ကြီးသာဖြစ်တော့သည်။ဒီသခင်ကြီးနေရာကို သူအရမယူနိုင်သရွေ့တော့ ဒီလူရဲ့လက်အောက်မှာနေရမည်ဖြစ်မည်။ ဘယ်လိုပဲ သွေးသားတော်စပ်ပါစေ သူမှသခင်ကြီးမဟုတ်ရင် သမီးငယ်ကိုလုံလောက်စွာစောင့်ရှောက်နိုင်မည် မဟုတ်ဟုသာ သူယုံကြည်ထားတော့သည်။
ထို့ကြောင့်ပဲ ဖေဖေကြီးနှင့် သူ၏ဆက်ဆံရေးက အေးမြသွားတာဖြစ်မည်။
"ရော့...ဒါ မြေပုံပဲ။
မင်းတို့ ရှာတွေ့ပါစေလို့ ဖိုးဆုတောင်းနေမယ်၊ အဟွတ် ဟွတ်"အဖိုးဖြစ်သူ ကမ်းပေးသော မြေပုံကို ယူကာ သူသည်ခေါင်းကိုတစ်ချက်ငြိမ့်ပြရင်း နေရာကနေစတင်ထွက်ခွာခဲ့လိုက်သည်။
"သခင်ကြီး...."
ပါးတော်မြဲ စေဦး၏ အခေါ်ကိုနားလည်သော်လည်း ဦးပြည့်စုံသောက လက်သာကာပြရင်း...
"ထားလိုက်ပါ။ ဒီကောင်လေးက တကယ်အဖေတူသားလားဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်။ ကောင်းမြတ်သောရော အခုတလော ဘာတွေအလုပ်များနေလဲ"
YOU ARE READING
အချစ်ဦး (Completed)