အပိုင်း(၂၁)

11.7K 579 0
                                    

"အွင်း "

ဝင်းထက်မှာပေးထားသော strawberry juice ကို သောက်ရင်း ၊ သူပြောလာမည့်စကားကို နားစွင့်မိတယ်။ ဝင်းထက်တို့ တွဲနေကြပြီ ဆိုတာ ကိုကို ပြောပြလို့သိထားပြီပြီ။ ငါ့သူငယ်ချင်းလေး ပျော်ရွှင်စရာ ချစ်ခြင်းကို ပိုင်ဆိုင်ရလို့ ဝမ်းသာတယ်၊ ကိုကြီးသက်ကိုက သူကိုဆိုသိပ်ချစ်တာ။

"ငါ ခုကျောင်းပိတ်ရက် မင်းနဲ့အတူ နယ်ပြန်မလိုက်နိုင်တော့ဘူး "
"ဟင်...ဘာလို့ "

"ငါ ဒီမှာ သင်တန်းအပြီး တက်ရမယ် ၊ နောက်လကုန်လောက် Australia ထွက်နိုင်ဖို့ ပြင်ဆင်ရတော့မယ်၊ နောက်ပိုင်း ဒီကပညာရေးကို ခဏ နားပြီး Australia ထွက်မယ် ငကောင်း၊ မင်းလည်း ကိုရဲရင့်နဲ့ အဆင်ပြေနေတော့ ငါစိတ်ချပြီလေ "

"အော်..အေးပါ ကောင်းပါတယ် ၊ ဒါနဲ့ကိုကြီးသက်ကိုရောလား တီတီလေးတို့သိပြီပြီလား မင်းတို့အကြောင်း"

"အင်း သိထားပြီပြီ သူရော ငါနဲ့တခါတည်း Australia လိုက်မှာ "

"အော် ...ဝမ်းသာပါတယ် ငါ မင်းတို့ အတွက်.."

ငါမင်းအတွက် စိတ်ချမယ် ငကောင်း ၊ မင်းချစ်တဲ့သူ အနားမှာနေရတာ ပျော်နေတယ်မဟုတ်လား။ ငါ လည်းငါဘဝတက်လမ်းအတွက် ပြင်ဆင်ရအုံးမယ်၊ အစ်ကိုကိုလည်း အားနာတယ် ။ သူအကုန်လိုက် နားလည်ပေးပြီးချစ်ပေးနေတာ၊ ငါအပါးနဲ့ အစ်ကိုမိဘတွေ စကားပြောပြီးကြပြီ။ ဟိုရောက်လို့ ကျောင်းတက်ဖို့၊ နေဖို့အခြေကျပြီးဆိုမှ ငါတို့ ဟိုမှပဲ လက်ထပ်ဖြစ်မယ် ။ ငါ ဒီမှာ မနေချင်တော့ ငကောင်းရာ..။ ငါနှလုံးသား နာကျင်ခဲ့ပြီးပြီ၊ မင်းကိုလည်း အပစ်မတင်ရက်ဘူး ။ ငါထိုက်ငါကံပဲ ၊ ရှေ့ဆက်နေ့ရက်တွေမှာ ငါကို ချစ်ပေးတဲ့ အစ်ကို ဘက်ကို ငဲ့ပြီး အစ်ကိုနဲ့အတူ အချိန်တွေကို ဖြတ်သန်းတော့မယ်။ ငါ ဒီမှာ မနေပျော်တော့ဘူး ။

" အင်း ငါပြန်မယ် ဝင်းထက် ..မင်း ဒီကထွက်မယ့်အချိန်တော့ ငါကိုပြောပါ ငါ လာနူတ်ဆက်ပါရစေ "

" အင်းပါ ငါအကြောင်းကြားလိုက်မယ်၊ ငါမရှိတော့ရင် အစစအရာရာ ဂရုစိုက်ပါ ငကောင်း"

"အေးပါ ငါကလေးမဟုတ်တော့ပါဘူး၊ ငါကိုစိတ်ချပါ မင်းလည်းဟိုမှာဂရုစိုက်နော် "

ချစ်ခြင်းတို့အလွန် Where stories live. Discover now