Ep_29

6.6K 276 3
                                    

Unicode

"အဆင်ပြေရဲ့လား"

သတင်းစာကြီးကိုင်ထားတုန်း ရုံးခန်းထဲဝင်လာသည့်လူကိုကြည့်လျှင်ဦးအောင်မြတ်ရှိန်က အသံနှင့်အတူဝင်လာ၍ဆိုဖာပေါ်ဝင်ထိုင်ရင်းဘုန်းဆက်အားမေးလိုက်ခြင်းဖြစ်သည်။ royal palaceနဲ့
kingdom၏ဆက်နွယ်မှုအကြောင်းဟာ မီဒီယာလောကတွင်ရေပန်းအစားဆုံးဖြစ်နေခြင်းပင်။

"Kingdom CEOဟာ ၁၀စုနှစ်များစွာရပ်တည်ခဲ့သည့် နာမည်
ကြီးroyal palace ကိုဝယ်ယူသည့်နောက်ကွယ်အကြောင်းရင်းကဘာလဲ" ဟူသည့်ခေါင်းစဥ်ကတစ်မျိုး နောက်ပြီးအဖော်ကောင်းတော့ ဟိုတယ်လုပ်ငန်းအကြောင်းနဲ့ဆက်စပ်၍ မိဘတွေ၏ရင်းနှီးဆက်နွယ်မှုတွေပါ တစ်စတစ်စ ပေါ်ထွက်လာခြင်း။

သတင်းသမားတွေ၏ ထင်မြင်ချက်အမျိုးမျိုးဖြင့်ဖော်ကျူးရေးသားထားသည့် မပြီးဆုံးနိုင်သော ဝေဖန်မှုတွေကိုစိတ်ကုန်စရာကောင်းလောက်အောင်ဖတ်ပြီးနောက် သတင်းစာကြီးအားစားပွဲပေါ်သို့ပစ်တင်လိုက်သည်။

ထို့နောက် ခြေချိတ်ထိုင်ရင်း

"အကုန်လုံးက ကျွန်တော်တို့ခန့်မှန်းထားပြီးသားလေ၊ သတင်းသမား
ကတော့ လူစိတ်ဝင်စားအောင် သူ့သတင်းကိုအကျယ်ချဲ့ရေးမှာပဲ၊
အဲ့ဒီအတွက် ကျွန်တော်တို့ဘက်ကဖြေရှင်းဖို့မလိုဘူး။ ဒီအတိုင်း ကောလဟလအနေနဲ့ပဲ ကျန်ခဲ့ပါစေ။"

"ဒါပေမဲ့ ဒီသတင်းတွေကို တိုင်းခမ်းအာဏာ မြင်ရင်ခံနိုင်ရည်ရှိပါ့
မလား။ သူ့ရဲ့ ဆုံးပါးသွားတဲ့မိဘတွေအကြောင်းကို သတင်းတွေမှာ ထပ်မြင်ချင်မယ်မထင်ဘူး၊ပြီးတော့ လတ်တလောတင် ဦးရှိန်တို့ဘက်
က တင်လိုက်တဲ့ Sentosa ကျွန်းက ဓာတ်ပုံနဲ့ပတ်သက်ပြီးသတင်း
စာရှင်းလင်းပွဲ လုပ်ထားရတာဆိုတော့..."

"တိုင်းက စိတ်ဓာတ်မာတယ်ဆိုတာ ကျွန်တော်သိပြီးသား၊ ဓာတ်ပုံဖွင့်ချရတယ်ဆိုတာလဲ ကျွန်တော့်ဘက်က တိုင်းအပေါ်တရားဝင်ဖြစ်သွားချင်လို့ပဲ"

ဦးအောင်မြတ်ရှိန်ပင့်သက်ရှိုက်သည်။ထို့နောက်...

"အဲ့ဒီဓာတ်ပုံကို ဦးရှိန်တို့ဘက်ကတင်လိုက်မှန်း သိနိုင်လောက်လား"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now