အခန်း * ၁၈၁ - ၁၉၀ *

1.2K 86 10
                                    

လက်သင်္ကေတွေနဲ့ အလှပဆုံးဝန်ခံချက်

ဒါရိုက်တာက "ကောင်းတယ်၊ မဆိုးဘူး၊ နောက်ရိုက်မယ့်အခန်းတွေအတွက် ပြင်လိုက်တော့!"

ဒါရိုက်တာက သူ့ရဲ့ပထမဆုံးစကားကိုပြောပြီးချိန်မှာတော့ လု ဟာ ချောင့် ရဲ့လက်ကောက်ဝတ်ကို လွှတ်လိုက်တော့သည် ။ 

သူ နည်းနည်း နောက်ပြန်ဆုတ်လိုက်ပြီး နောက်လှည့်လျက် ကမန်းကတန်း ထွက်သွားသည် ။

"ဆရာလု ...." လက်ထောက်က လု ရိုက်ကူးရေးပြီးသွားတော့ လုအတွက် ရေတစ်ဘူးကို ချက်ချင်းယူလာပေးရှာသည် ။

လုက သူ့လက်ထောက်ကို စိတ်မ၀င်စားဘဲ သူ့ပုဂ္ဂိုလ်ရေးသုံးဗင်ကားဆီသို့ ဆက်လျှောက်လာပြီးနောက် ကားတံခါး တွန်းဖွင့်ပြီး အထဲကို ဝင်ထိုင်လိုက်သည် ။

လက်ထောက်က သူ့နောက်ကို အမြန်လိုက်သွားပြီး လုတစ်ယောင် ဖြူဖတ်ဖြူရော်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ သူက မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုတော့လွဲနေပြီအထာဖြင့် သူ့အလုပ်ရှင်ကို မေးတော့မလိုနဲ့ ရိုက်ကူးရေးမှာ လု ဝတ်ထားတဲ့ အပြာနုရောင် ရှပ်အင်္ကျီကို သတိထားမိလိုက်​၏ ။

ကျောဘက်တွင် အနီရောင်တောက်တောက် အစက်အနည်းငယ်ရှိသည်။

လက်ထောက်လည်း မျက်လုံးတွေ ပြူးတူးသွားပြီး
" ဆရာလု၊ ဆရာ့ကျောမှာ ဘာလို့သွေးထွက်နေတာလဲ?!"

လု မျက်ခုံးများ တွန့်သွားသော်လည်း သူ စကားတစ်ခွန်းမှ ပြန်မပြော။

သူ့အင်္ကျီကို ကြယ်သီးဖြုတ်ပြီး ဆွဲချွတ်လိုက်သည်။

ထို့နောက် လက်ထောက်သည် လု နောက်ကျောဘယ်ဘက်ခြမ်းတွင် သူ၏ပခုံးမှ သူ့ခါးအထိ ဟက်တက်ကွဲရာကြီးကိုတွေ့လိုက်ရသည်။

အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းသည် ယခုအခါ သွေးထွက်ခြင်း ဖြစ်သည်။

"ဟာ ဆရာရယ် အရမ်းနာမှာကို ဘာလို့ဘာမှမပြောရတာလဲဗျာ" လက်ထောက်က ရေဘူးကို ကားထိုင်ခုံမှာ ပစ်ချလိုက်သည်။

ထို့နောက် လိမ်းဆေးကို သူ့ခန္ဓာကိုယ်အိတ်ထဲကနေ ထုတ်ဖို့ပြင်ရင်း အချိန်အတော်ကြာအောင်ရှာပြီးနောက် ဆရာလု မနေ့က မချောင်အား ပေးခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now