Chapter...13

30.7K 2K 112
                                    

ကကွက်ဆန်းတွေနဲ့ တီကောင်ဆားတို့သလို
တွန့်လိမ်ကောက်ကွေးစွာ ကခုန်နေကြတဲ့လူ
အုပ်ကြီးက တည်စေရာမိုင်ရဲ့ပွဲကြမ်းမူ
ကြောင့် တိတ်ဆိတ်ငြိမ်သက်သွားကြပြီးသူတို့
အားလုံးရဲ့ အာရုံစိုက်မူက ထိုမြင်ကွင်းမှအ
ကြည့်မလွှံဖယ်ကြ....။

ဘေးနားသို့ဝိုင်းအုံလာကြသည့် ကလပ်ထဲမှ
လူအုပ်ကြီးက စပ်စုချင်သိချင်စိတ်ရှိတဲ့သူ
တွေချည်း....ကလပ်မှာရန်ဖြစ်တာမို့ ကလပ်ရဲ့
အစောင့်တွေနဲ့တာဝန်ရှိမန်နေဂျာပါ ရောက်
လာလေသည်။

"အား.....မင်း....မင်းကိုသတ်မယ်"

ခေါင်းမှာဖြာကျနေသောသွေးများနှင့် မမြင်
ရက်စရာရှိလှသည့် အလှလေးကိုနှောက်
ယှက်ထိပါးရဲသည့် ထိုကောင်က ဒဏ်ရာရနေ
သောခေါင်းကိုကိုင်၍ သွေးရူးသွေးတန်းဖြင့်
တည်စေရာမိုင်ကို အော်ဟစ်နေပါ၏။

"အသေသတ်ပစ်မှအေးမယ်"

လက်ထဲကိုင်ထားသောပုလင်းက ထိုကောင်
ကိုခေါင်းရိုက်ခွဲထားတာကြောင့် ကွဲ​ကြေ၍
တည်စေရာမိုင်လက်ထဲတွင် ပုလင်းခေါင်းပိုင်း
လေးပဲရှိနေတော့၏။

နိူင်းကတော့ တည်စေရာမိုင်ကို ပမာမခန့်အခု
မှလူစွမ်းကောင်းလုပ်မနေနဲ့ဆိုတဲ့အထာနှင့်
ခင်ဗျားကိုဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာပေးဖြင့်
လက်ပိုက်၍ကြည့်နေသလို နိူင်းကိုစောင့်
ရှောက်ပေးနေသည့် BodyGuard များက
လည်းတည်စေရာမိုင်အနောက်မှာ အဆင့်သင့်
အနေအထားနှင့်ရပ်နေကြ၏။

တည်စေရာမိုင်ကတော့ အလှလေးကိုတစ်
လှည့် ထိုခွေးကောင်ကို တစ်လှည့်ပြန်ကြည့်
ပြီး နှုတ်ခမ်းတွန့်ရုံမျှတစ်ချက်ပြုံးလိုက်ပြီး
လက်မရွံဇ ရှိသူပီပီ လက်ထဲကိုင်ထားတဲ့ပု
လင်းကွဲစနှင့် ထိုခွေးကောင်ရဲ့လည်ပင်းကိုထိုး
ရန်ရှေ့တိုးလိုက်လေ၏။

"မလုပ်ပါနဲ့...သူအစားကျွန်တော်တို့တောင်းပန်ပါတယ်...နောက်မဖြစ်စေရပါဘူး"

"ရူးနေကြလား...ဒီကောင်ကိုကြောက်နေတာ
လား....သူကိုပြန်လုပ်ရမှကျေနပ်နိင်မယ်"

ထိုခွေးမသား၏ ဘော်ဒါဟုထင်ရသည့် ယော
င်္ကျားနှစ်ယောက်ကအနားရောက်လာပြီး ပြန်
ထိန်းပြီးဆွဲခေါ်နေကြ၏။ သွေးသံတရဲရဲနှင့်
ဒေါသထွက်၍ ပေါက်ကွဲနေတဲ့ ထိုလူကဘော်
ဒါတွေရောက်လာလို့ အားကိုးရမလားမှတ်လို့
ပျော်သွားပေမဲ့ သူ့အထင်နဲ့အမြင်လွဲချော်သွား
တဲ့အတွက်မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပို၍
မကျေမနပ်ဖြစ်နေလေတော့၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now