Chapter - 21 (Part 1)

409 70 0
                                    

Unicode

ငါ ကျင်းရှန့်ရဲ့ ဧည့်ခန်းမှာ စိတ်မသက်မသာနဲ့ ထိုင်နေရတယ်။

ကျင်းရှန့်က ဆိုဖာပေါ်မှာ မှောက်လျက် လှဲလျောင်းနေပြီး မလှုပ်မယှက်​နေ,​နေတယ်။ သူ ဒီလို​နေ,နေတာ သုံးနာရီလောက်ရှိ​နေပြီ။

လွန်ခဲ့တဲ့ ၃ နာရီလောက်က ငါ သူ့နေရာကို ရောက်လာခဲ့တယ်။ ဒါကြောင့် သူ အဲ့ဒီမှာ ဘယ်နှစ်နာရီ​လောက် လှဲ​နေလဲဆိုတာ​တော့ ငါ မသိဘူး။

သူ့အိမ်သော့ကို ဘယ်မှာဝှက်ထားလဲဆိုတာ ငါပဲ သိတယ်။

အရင်က သူလုပ်ခဲ့တဲ့ သီချင်းမှာ သူ့ရဲ့ဖုန်းနံပါတ်မပါဘူး။ သူ့ရဲ့အိမ်သော့ကို ဘယ်မှာဝှက်ထားတယ်ဆိုတာကိုပဲ ပြောပြထားတာ။

သူ အသက်ရှူတာ ပုံမှန်မဟုတ်ဘူးဆိုရင်​တော့ ငါ ဆရာဝန်ကို ခေါ်ရလိမ့်မယ်။

ပြီး​တော့ သူ့အိမ်ရဲ့ ကြမ်းပြင်​​ပေါ်မှာ အမှိုက်ကျနေတဲ့ သစ်သီးခွံတွေက သူ အသက်ရှင်နေသေးတယ်ဆိုတာကို ညွှန်ပြနေတာဖြစ်နိုင်တယ်။

ကျင်းရှန့်က လည်ချောင်းကို ကာကွယ်ဖို့လိုအပ်တာကြောင့် အရက်လည်းမသောက်သလို ဆေးလိပ်လည်း မသောက်ဘူး။ သူက သူ့ရဲ့ပုံရိပ်ကိုလည်း ထိန်းထားရတာမို့ ချောကလက်လည်း မစားချင်ဘူး။ ဒါကြောင့် သူ စိတ်မချမ်းသာတဲ့အချိန်တိုင်း အသီးအနှံနဲ့ အသီးအရွက်တွေကို စားတယ်။

အဲ့ဒါက သူ့သီချင်းထဲမှာ ရေးထားတာ​တွေ။

အမှန်တော့ ငါ ဒီနေရာကို ဟမ်းခေါ်လို့ လာခဲ့ရတာ။ ဟမ်းက သူ့အတွက် အထူးပြုလုပ်​ပေးထားတဲ့ တံခါးငယ်လေးကနေ ပြေးထွက်လာတာဖြစ်မယ်။ သူက ငါ့တိုက်ခန်းကို ရောက်လာပြီး တံခါးကို အချိန်အတော်ကြာအောင် ကုတ်တယ်။ ပြီးတော့ ငါ့ဘောင်းဘီခြေထောက်ကို ဆွဲပြီး ဒီကို ​ခေါ်လာခဲ့တယ်။

ဟမ်းက တကယ်ကို သစ္စာရှိပြီး ရဲရင့်တဲ့ ခွေးကောင်းတစ်ကောင်ပါ။ ငါ ကြမ်းပြင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် လှဲအိပ်​​နေခဲ့တဲ့အချိန်တုန်းက သူ ငါ့ကို လုံးဝလျစ်လျူရှုခဲ့တာက လွဲလို့​ပေါ့​လေ။

ငါ သူ့ကို ​ကျောင်းကုန်းဇီဆီကို ပေးလိုက်ပြီး, အဲ့​နောက် သူ့ကို ကျင်းရှန့်ဆီ အပ်လိုက်တာက အ​ကြောင်းအရင်းရှိတယ်။ သူက ငါ့ကိုမချစ်ဘူး​လေ။ ဒါကြောင့် ငါ အတင်းအကြပ်မလုပ်ဘူး။ အနှေးနဲ့အမြန် သူ့နေရာမှာ ငါ့ကို ချစ်မယ့် ကြောင်လေးတစ်ကောင် ရှိလာလိမ့်မယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now