အပိုင်း(၂၃)

13.2K 710 29
                                    


အပြင်မှ ယာမကာအနည်းငယ်သောက်မိတဲ့အရှိန်ကြောင့်လား ၊ ကလေးငယ်မစောင့်ပါစေနဲ့လို့ အတွေးထဲ ဆုတောင်းမိရင်း ရီဝေစွာဖြင့် တံခါးဖွင့် ဝင်မိတယ်။ မှောင်မဲနေသော အခန်းထဲဝယ် ဆူညံ့သံကနတ္တိ ၊ကလေးငယ် အိပ်နေရော့သလား။ အခန်းတွင်းအား အလင်းရောင် ပေးရန် ခလုပ်ကိုအဖွင့် ၊ ဧည့်ခန်းဆိုဖာပေါ်မှာ ငုပ်တုပ်လေးထိုင်ရင်း ကျွန်တော်ကို ကြည့်နေပါသော ကလေးငယ်။ ငိုနေတာလား မကွဲပြား ၊ အသံတိတ်မျက်ရည်ကျရင်း အားကိုးတကြီး ကျွန်တော်ကို ကြည့်နေတယ် ဘာစကားမှတော့ထွက်မလာ။

"ကိုကို.."

" sorry ကလေး..ကိုကို အလုပ်ကိစ္စရှိလို့ နောက်ကျတာ ၊ ဒါနဲ့ ကလေး မအိပ်သေးဘူးလား အေ့..sorry ကလေး"

" ကျွန်တော် ကိုကို ကို့ စောင့်နေတာ ..ကိုကို အလုပ်အရမ်းများနေလားဟင် ..ကလေး ဘာကူညီပေးရမလဲ၊ ညစာ စားဖို့...ကျွန်တော် ပြင်လိုက်ရမလား ၊ ကိုကို နားအုံးမလား"

"ဘာ ...ခု ဘယ်ချိန်ရှိပြီလဲ ...ဟင်"

အံ့ဩစွာ မေးရင်း ကလေးငယ်ထိုင်နေသည့် ဆိုဖာခုံပေါ် အတူထိုင်မိသည်။ ကလေးက ငါကို စောင့်နေတာဆို....ည..ညစာ.မစားရသေးတဲ့သဘောလား။ မဟုတ်ဘူး မဟုတ်လားဟင်။ သောက်ထားမိတဲ့ ယာမကာအရှိန်တောင် ဘယ်ဆီရောက်မှန်းမသိ၊ ကိုယ်ကိုအစာအငတ်ခံစောင့်နေတာမျိုး မလိုချင်တာအမှန်။

"၁၁ ခွဲ ကိုကို...ကလေး..ဗိုက်ဆာလှပြီ..ကိုကိုနဲ့အတူ စားဖို့ စောင့်နေတာ "

"ဟာ..ငါ ပြောထားတယ်လေ မစောင့်နဲ့ နောက်ကြ မယ်လို့ ဘာလို့စောင့်နေလဲ ဟင်..ဟာကွာ..တောက်စ်"

"ဗျာ..."

" ဘာလို့မစားဘဲ ထိုင်စောင့်နေတာလဲ ဟင် အချိန်ကိုကြည့်အုံး မင်းရူးနေလား ဟင် "

"ဗျာ...ကိုကို..စောင့်..."

"နောက်မစောင့်နဲ့ စားစရာရှိတာ စား..ခု သွားစား သွား.."

ကိုယ်ကို စောင့်နေသတဲ့လားကွာ။ ဒီအချိန်ထိ ဘာမှမစားရသေးဘဲ ..စောင့်နေသတဲ့လားကလေးရာ...။ ဟာကွာ..ကလေးရာ။ မင်းကို မချစ်နိုင်ပေမယ့် မင်းကိုမထိခိုက်စေချင်ဘူး ။ မင်းရဲ့နာကျင်ခြင်းက ငါကပေးတဲ့ သောက ကလွဲ မင်းကိုယ်ခန္ဓာမှာ ထိခိုက်မူ အနည်းတောင်မရှိစေချင်ဘူး။ ကိုယ် မင်းကို ခင်တွယ်နေပြီ၊ အမြစ်မတွယ်ခင် ကိုယ်ဖြတ်နိုင်ရမယ်။ မင်းရဲ့အထိအတွေ့မှာ ပျော်ဝင်နေပြီ၊ ဒါပေ့မယ် ကိုယ်ရုန်းနိုင်ရမယ်။ ကိုယ် Jack လို မရူံးချင်ဘူး၊ ဟင်အင်း ကိုယ့်အတ္တကလဲ ဖြစ်ခွင့်မပေးဘူး ။ ဒီအခြေအနေရောက်မှတော့ ကိုယ် အစီအစဉ် နောက်မဆုတ်နိုင်တော့ဘူး ကလေးငယ်။ ကိုယ် တွေဝေခြင်းကို လှည့်စားခြင်းဖြင့် အနိုင်တိုက်မယ်၊ မင်းမျက်ရည်ကျဖို့ ကိုယ် Drama က,ကွက်ရွေး က,ရအုံးမယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now