အခန်း-(၆) တိုက်ပွဲအတွက် လေးမြားပြင်ဆင်ခြင်း

403 64 0
                                        

Unicode

ကျွန်မ အဲ့ဒီကနေ အနောက်ဘက်ခရိုင်ကိုပြန်ရောက်တော့ အချိန်က ညဆယ်နာရီကျော်နေပါပြီ။ခရိုင်တစ်ခုစီမှာ အဆောက်အအုံ သုံးခုစီသာရှိတယ်ဆိုပေမဲ့ အဆောက်အအုံတွေက ကြီးမားကျယ်လွန်းတာကြောင့် ကျွန်မအနေနဲ့ သူတို့ပေါ်ဖြတ်သွားရတာ အချိန်နည်းနည်းတော့ကြာပါတယ်။အင်းလေ ဒီနေရာမှာရှိတဲ့ ကျွန်မတို့အတွက် အပေါဆုံးက အချိန်ပဲမဟုတ်လား။

တစ်နေ့မှာ နာရီခြောက်ဆယ် မနက်သုံးဆယ် ညသုံးဆယ်ကြာတဲ့အချိန်။နေ့ရောညပါ သူ့အချိန်နဲ့သူ အတိအကျဖြစ်နေတာပါ။အပိုအလိုမရှိပါဘူး။နာရီသုံးဆယ်ကြာပြီးတဲ့နောက် ကျွန်မတို့ အမြင်စွမ်းအားတွေက ချက်ချင်းကို ကျဆင်းလာတယ်။ဒါကလည်း နေ့ဘက်မှာတောင် မီးခိုးရောင်ကောင်းကင်နဲ့ အုံ့မှိုင်းနေတဲ့ တားမြစ်ဇုန်နေရာကြောင့်ဖြစ်လာတာပါ။ဝိုးတဝါးမြူခိုးတွေနဲ့ မှောင်ရိပ်တွေက ဒီကမ္ဘာမှာ ထာဝရတည်ရှိ‌နေကြမဲ့အရာတွေပါပဲ။

ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်တင်ရင်းနဲ့ ကျွန်မပြတင်းပေါက်ကို ငေးကြည့်နေမိတယ်။

တံခါးခေါက်သံက တဒေါက် ဒေါက်နဲ့ထွက်လာတယ်။

"ဝင်ခဲ့ပါ"

ကျွန်မအသံက ရှင်းလင်းပြတ်နေတာမို့ ပဲ့တင်ထပ်သံကိုတောင် ပြန်ကြားရတယ်။

ကျွန်မတံခါးသွားဖွင့်လိုက်ပြီးနောက် မြင်လိုက်ရတာက အဘိုးအို ဖန်း၊ ယုံချီ ၊ နျွယ့်ကျွမ်းနဲ့ ဈေးရုံကြီးကြပ်ရေးမှူး ကျဲပ တို့ကိုတွေ့လိုက်ရတယ်။

ကျွန်မ မျက်မှောင်ကြုတ်လိုက်တယ်။

အဘိုးအို ဖန်းက တားမြစ်နယ်မြေမှာ ကျွန်မ ပထမဆုံးတွေ့ခဲ့တဲ့ ခေါင်းမှာ သရဖူမရှိသလိုဖြစ်နေခဲ့တဲ့ အဘိုးအိုပါ။ကျွန်မ ခရိုင်မှူးဖြစ်လာပြီးနောက် အဘိုးအို ဖန်းကို လူနေအိမ်အဆောက်အအုံတွေရဲ့ ကြီးကြပ်ရေးမှူးအဖြစ်ခန့်ထားတာပါ။

ပြောရရင် ယုံချီကိုလည်း အကယ်ဒမီကျောင်းရဲ့ ကြီးကြပ်ရေးမှူးအဖြစ်ခန့်ထားတာပါ။သူမက နာမည်အရသာ အဘိုးအို ဖန်းနဲ့ ကျဲပ တို့လို့ ကြီးကြပ်ရေးမှူးဆိုပေမဲ့ တကယ်တမ်းကျ သူမက ကျွန်မရဲ့တွဲဖက်ခရိုင်မှူးပါပဲ။ဘာလို့ဆို ကျွန်မက ကိစ္စကြီးကြီး သေးသေးအကုန် ဘာမှစိတ်မဝင်စား ဂရုမစိုက်တဲ့သူမို့ သူမကပဲ အားလုံးနောက်ကလိုက်လုပ်ပေးခဲ့လို့ပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя