အပိုင်း (၅)

5.2K 214 15
                                    

"သခင်လေး...."

ကျောင်းတက်ချိန်မှာ စာထဲအာရုံစိုက်ဖို့အခြေအနေမပေးသည်ကို သူ့မှာမငြူစူမိပဲ ပြတင်းပေါက်ဆီမှ ကိုတားကြီးထံသို့ မျက်တောင်တစ်ချက်ခတ်ပြလိုက်သည်။ ထိုအခါမှာ ကိုတားကြီးက သူ့ကိုအပြင်ထွက်လာဖို့ အချက်ပြသည်။

ရှေ့မှာ စာရှင်းပြနေသော ဆရာကိုအားနာသော်လည်း...
"ကျွန်တော့်ကို toiletသွားခွင့်ပြုပါ ဆရာ..."

မတ်တပ်ထရပ်၍ လက်ထောင်ကာ တရိုတသေပင်ခွင့်တောင်းလိုက်သည့် သူ့ထံကို အတန်းသားအားလုံးက ကြည့်လာလေသည်။ ဒီကနေ့ ကျောင်းလာတက်သော ကျောင်းသားသစ်ကိုထူးထူးဆန်းဆန်းဖြစ်နေသည်မှာ သူ့အတွက်တော့သိပ်မထူးဆန်းတာမို့ နှုတ်ခမ်းကိုကွေးပြီး အားလုံးထံကို ပြုံးပြလိုက်သည်။

"သွားလေ..."

"ဟုတ်ကဲ့။ ကျေးဇူးပါ ဆရာ..."

အခန်းထဲကနေ အပြင်ကို ရောက်သည့် တစ်ခဏမှာ သူသည် Toiletဘက်သို့ဦးတည်လျှောက်သွားနေသည်။ စာသင်ခန်းအပြင်ကို သူရောက်သည့် အချိန်ထဲက ကိုတားကြီးက သူ့အနားမှ လိုက်ပါလာပြီး...
"မမလေးသမီးငယ် ကာစီနိုဝိုင်းကိုသွားပါတယ် သခင်လေး။ အဲ့ဒီဝိုင်းကို ကျွန်တော်တို့ဘက်ကစောင့်နေကြည့်နေပေမယ့် မမလေးဘက်ကစပြီးရိုက်ခွဲတာကြောင့် ဆိုင်အတွင်းထဲမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်။"

"ဘယ်ဆိုင်လဲ..."

"Night Moneyမှာပါ သခင်လေး..."

"အခု အဲ့ဒီကိုသွားမယ်။"

ပြောနေရင်းဖြင့် သူ့သည် ကျောင်းတံခါးဝဆီကို ဦးတည်လိုက်ပြီး ဒီကနေ့သူဝတ်လာသော ကျောင်းဝတ်စုံအင်္ကျီကို လမ်းမှာတင် ချွတ်ချခဲ့လိုက်သည်။ အောက်ခံအဖြစ် သူဝတ်ဆင်ထားသော အနက်ရောင်body fitအင်္ကျီနှင့် စတိုင်ဘောင်းဘီကလည်း အနက်ရောင်ပေမို့ သူ့ပုံစံက အထက်တန်းကျောင်းသားနှင့်မတူတော့ပေ။

"ငယ်...."

ကိုင်မြှောက်၍ ပစ်ချခြင်းခံလိုက်ရသော သမီးငယ်က ဘားရှိထိုင်ခုံတွေကြားမှာ ခွေခွေလေးပစ်ကျသွားသည်ကို ဒေလီယာတို့သုံးယောက်က ကြောက်လန့်တကြားဖြင့် အော်ခေါ်မိကြသည်။ သို့သော်လည်း ခံလိုက်ရသောသမီးငယ်ကမူ....ခုံစောင်းဖြင့်တိုက်မိသွားသော ညာဘက်လက်မောင်းကို ဘယ်ဘက်လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားရင်း.....
"နင်တို့တွေကို အရှင်မထားဘူး...." ဟု ကြိမ်းဝါး၏။

အချစ်ဦး (Completed)Where stories live. Discover now