ကိုကိုလူဆိုးep(16)🔞

64.6K 435 2
                                        


ဂျပန်ကိုရောက်တုန်းရောက်ခိုက်မို့ တချို့နာမည်ကြီးနေရာတွေကိုလိုက်ပို့ပေးချင်သော်လည်း မာန်မှာမအားလပ်တာရယ် ချစ်ခြင်းကျောင်းကိုခွင့်တိုင်ရက်များနေပြီဖြစ်တာကြောင့် သူ့မဟေသီစာမလိုက်နိုင်မှာကိုစိုးတာကြောင့် ဒီနေ့ညတော့ကျိုတိုမျှော်စင် ဝီကီပီးယားကိုလေးယောက်လုံးသွားကြမှာဖြစ်သည်။

တစ်မနက်လုံး လည်လိုက်ပတ်လိုက်စားလိုက်သောက်လိုက်နှင့်မာန်တို့လေးယောက်ညဘက်တွင်တော့ မျှော်စင်ကိုသွားဖို့လာခဲ့ကြကာ ချစ်ခြင်းနဲ့မာန်ကအပေါ်ထိသို့တက်လာခဲ့ပြီး မြူးငယ်နဲ့ရဲမာန်တို့ကတော့မျှော်စင်အောက်ထပ်ရဲ့ကြယ်သုံးလုံးဟော်တယ်မှာညစာဝင်စားရင်းကျန်ရစ်ခဲ့ကြသည်။

ချစ်ခြင်းနဲ့မာန်တို့တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကာ အပေါ်ဆုံးထိတက်ခဲ့ကြသည်။အပေါ်မှာတော့လူအနည်းငယ်သာရှိသည်။တိုကျိုမြို့ရှုခင်းနဲ့လှပတဲ့တိုကျိုမြို့ရဲ့ညအလှတွေကိုခံစားရင်း...မာန်ချစ်ခြင်းကိုယ်လေးကိုနောက်မှသိုင်းဖက်ကာ...

"ကလေး"

"ဟင်"

"ပျော်လားလို့"

"ပျော်တယ် ဒီကို ကိုကိုနဲ့တူတူလာရလို့ပိုပျော်တယ်"

"ဒီထိရောက်ခဲ့ပြီးကလေး ကိုကို့ကိုတော့ဘာပြန်ပေးမှာလဲဟင်"

"ချစ်ခြင်းတစ်ဘစာပေးအပ်ပါ့မယ်ကိုကိုရဲ့"

"တကယ်လား ဒါဆိုပြန်မယ်"

"ဟင် ဘယ်ပြန်မှာ"

"ပြန်အိပ်တော့မယ်လေ"

"အို ကိုကိုကလည်း နေပါဦးဒီမှာနေလို့မဝသေးဘူးလို့"

"အဆိုးလေး"

မာန်ချစ်ခြင်းနဖူးလေးကို ဖွဖွလေးထုလိုက်ပြီးပါးပြင်ကို အသာအယာလေးနမ်းကာ နောက်မှထပ်မံဖက်ထားလိုက်ပြီး မြို့ရဲ့ညဘက်အလှကိုခံစားမိန်းမောနေရင်း

"ကိုကို ပြန်ကြမယ် ချစ်ခြင်းချမ်းနေပြီး"

"အင်း ပြန်ရအောင်ကလေး"

ချစ်ခြင်းတို့ပြန်လာတဲ့လမ်းတလျှောက်မှာတော့ စည်ကားကာ ရိုးရာဝတ်စုံနဲ့လူတွေ ပြဇာတ်အတွက်ပြင်ဆင်ထားကြသောရုပ်ပြောင်ကြီးတွေနှင့်လူတွေကိုတွေ့ရသည်....။

ကိုကိုလူဆိုး (Complete)Donde viven las historias. Descúbrelo ahora