Part-1

4.6K 312 24
                                    

<Unicode>
"အဲ့ကောင်ကိုသေအောင်သတ်!!"

"ငါတို့ကိုအာခံချင်သေးလားကောင်လေး"

တစ်ကိုယ်လုံးကိုင်ပေါက်ခံထားရသောကြောင့်အားနည်းနေသောခန္ဓာကိုယ်အား လှုပ်၍ပင်မရနိုင်တော့။

ပိန်သေးနေသောခန္ဓာကိုယ်လေးပေါ်တွင် ဖုန်အလိမ်းလိမ်းနှင့် အဖြူရောင်တီရှပ်လေးမှာ ကြည့်မကောင်းအောင်ပြဲနေခဲ့သည်။

"ဟျောင့် ခေါင်းမော့စမ်း!
အကိုကြီးမေးနေတာကိုဖြေလိုက်လေ!"

ငုံ့နေသောထိုကောင်လေး၏ခေါင်းအား အကိုကြီးဆိုသူက ဆွဲမော့လိုက်သည်နှင့်

"ထွီးးး"

"ဟာကွား!
ခွပ်! ခွပ်! ခွပ်!"

တံတွေးထွေးခံထားရသော မျက်နှာအားသုတ်လိုက်ကာ အားပါးတရဆွဲထိုးတော့သည်။ အထိုးခံရသော ကောင်လေးမှာ လှုပ်ပင်မနိုင်တော့။

သို့ပေမဲ့ တစ်ချက်တစ်ချက် နီရဲလာသောထိုကောင်လေး၏မျက်ဝန်းတစ်စုံကိုကားပေါ်ကကြည့်နေသောလူကြီးတစ်ယောက်ကလွှဲ၍ ဘယ်သူမှမမြင်မိကြ။

"အဲ့ကလေးကို ငါ့စံအိမ်ဆီခေါ်လာခဲ့ ဟန်နရီ"

"ကောင်းပါပြီး"

မောင်းထွက်သွားသော ကားအနက်ရောင်တစ်စီးနှင့်အတူ အထိုးခံနေရသောကောင်လေး၏ ကမ္ဘာကြီးမှ အမှောင်ကျသွားခဲ့သည်။

Kimအိမ်တော်တစ်နေရာ....

တစ်ဖြည်းဖြည်းဖွင့်လာသောမျက်ဝန်းတစ်စုံနှင့်အတူ သူ့မျက်လုံးများမှာအသက်ဝင်လာခဲ့သည်။ တစ်ကိုယ်လုံးကိုက်ခဲနေမည်ဟုတွေးထားသော်လည်း ထူးထူးဆန်းဆန်းပေါ့ပါးနေသည်။
အထိုးခံရသော မျက်နှာအားပြန်စမ်းကြည့်လိုက်တော့ ဘာအနာတရမှမရှိ။
သူခဏမျှကြောင်အသွားသည်။

"နိုးလာပြီးလာ.."

အခန်းထဲသို့ဝင်လာသည့်လူတစ်ယောက်။
ထိုသူကိုသူတစ်ခါမှမမြင်ဖူးပေ။
အဖြူရောင် လက်ရှည်ရှပ်လေးကိုဝတ်ထားပြီး
ဒူးအထက်နားလောက်ထိရောက်သော
ဘောင်းဘီတိုအနက်ရောင်ကိုတွဲဝတ်ထားသည်။
တကယ့်ကိုနုနုဖက်ဖက်ကလေး။
သူတော်တော်ကြာကြာထိ ငေးကောင်းကောင်းဖြင့်ငေးနေခဲ့သည်။

Hey...My Son!Where stories live. Discover now