အလင်း(Arc -1.6)

11K 932 20
                                    

<Unicode>
နှိစ်ခြိုက်စွာအိပ်ပျော်နေရာမှရုတ်တရက်ပစ္စည်းပြုတ်ကျသံတစ်ချို့ကိုကြားလိုက်ရတာကြောင့်အလင်းနိုးလာသည်။အသံကဝရန်တာဘက်မှလာတာဖြစ်လို့အလင်းကုတင်ဘေးကစားပွဲပေါ်ရှိပန်းအိုးကိုယူကာသတိဖြင့်လျှောက်လာသည်။ဝရန်တာနှင့်အခန်းကြားကာထားသည့်တလွှင့်လွှင့်လှုပ်ရှားနေသည့်လိုက်ကာနောက်တွင်လူရိပ်ကသိသိသာသာပေါ်လာသည်။ထို့ကြောင့်ရှိသမျှသတ္တိများဖြင့်လိုက်ကာစကိုလက်တစ်ဖက်ဖြင့်ဆွဲဖွင့်ကာမျက်လုံးကိုစုံမှိတ်ပီးပန်းအိုးဖြင့်ရိုက်ချလိုက်တော့သည်။

သို့ပေမယ့်သူ့လက်ကိုတစ်စုံတစ်ခုကဟန့်တားလိုက်တာမို့ပန်းအိုးကိုင်ထားတဲ့လက်ဟာလေပေါ်မှာသာဖမ်းချုပ်ခံထားရသည်။အလင်းကြောက်ရွံမှုကြောင့်မျက်လုံးလဲမဖွင့်ရဲ့ပဲတကိုယ်လုံးတုန်ကာအသက်ရှုသံများပြင်းလာသည်။

ပြွတ်စ်

နှဖူးထက်မှနူးညံ့တဲ့အထိတွေ့ကြောက့်အလန့်တကြားမျက်လုံးဖွင့်ကြည့်မိတော့..

"ကိုကို!"

"ကိုကို့ကိုရိုက်ချင်နေလို့လားအသက်"

"မဟုတ်ပါဘူး အသက်က ဟို "

"အဆိုးလေး ကိုကိုကအသက်ကိုလွမ်းလို့လာတော့တာကိုပန်းအိုးနဲ့ရိုက်ဖို့လုပ်တယ်"

"မဟုတ်ပါဘူး ကိုကိုရယ် အသက်ကသူခိုးထင်လို့ပါ"

"ထားပါတော့ လာပါအုံးကွာကိုကိုမင်းလေးကိုမှမဖက်ထားရရင်အိပ်လို့ပျော်မှာမဟုတ်တော့ဘူး"

"ညနေကမှတွေ့ထားတာကို"

"ကိုကိုကစက္ကန့်ပိုင်းလေးတောင်မခွဲနေချင်တော့ဘူး အာ့ကြောင့်ခိုးကြောင်ခိုးဝှက်လာတွေ့တာ"

"ကိုကိုကတော့လေ"

ကျွီ....ဂျောက်

အလင်းအနောက်ဘက်မှအခန်းတံခါးဖွင့်သံကြောင့်လိုက်ကာစကိုနှစ်ယောက်လုံးနဲ့ရစ်ပတ်လိုက်သည်။မှောင်နေတဲ့အချိန်မို့သူတို့ကိုသတိထားမိမှာတော့မဟုတ်။တံခါးဖွင့်ကာဝင်လာတဲ့သူကလက်ထဲတွင်အရောင်လက်တဲ့ပစ္စည်းတစ်ခုကိုကိုင်လာသည်။အလင်းလိုက်ကာစလေးကိုအနည်းငယ်ဖယ်ကာချောင်းကြည့်လိုက်ချိန်ထိုလူကလက်ထဲကပစ္စည်းကိုကိုင်မြှောက်လိုက်ကာစောင်နဲ့လုံးထားသည့်ခေါင်းအုံးများဆီသို့ဆက်တိုက်ထိုးစိုက်တော့သည်။

Love System (Completed)Where stories live. Discover now