အလင်း(Arc -1.7)(end)

12.3K 970 11
                                    

<Unicode>
အမေဟာဓားကိုကိုင်ကာအလင်းတို့ဆီပြေးဝင်လာတာကြောင့်စစ်သွေးကအလင်းရှေ့မှကာပီးချုပ်ထားလိုက်သည်။ရုန်ရင်းဆံခတ်ဖြစ်နေတဲ့အချိန်သက်ထားနဲ့အဖေပါရောက်လာကြပီးအမေ့ကိုဝိုင်းထိန်းကြတော့သည်။

"သမီး ဖုန်းဆက်လိုက်တော့!"

"ဖေဖေ! ဖေဖေတကယ်ပြောနေတာလား"

"သမီးအမေအခြေနေကိုလဲကြည့်အုံးဖေဖေတို့ဘာမှမတတ်နိုင်တော့ဘူး ဒါကအားလုံးကိုအကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းပဲ"

"ဟင့် ဟုတ်ကဲ့ပါ"

သက်ထားကဖုန်းကိုထုတ်ပီးနံပါတ်တစ်ခုကိုခေါ်လိုက်သည်။အမေ့ကိုတော့အဖေနဲ့စစ်သွေးတို့ကချုပ်ထားသည်။အလင်းမှာခုထိအရာအားလုံးကိုနားမလည်နိုင်ဖြစ်နေသည်။ခနနေတော့ဆေးရုံးကားများရောက်လာပီးအမေ့အားခေါ်သွားတော့သည်။

"ငါ့ကိုဘယ်ကိုခေါ်သွားမလို့လဲ!မလိုက်ဘူး!လွှတ်စမ်း!"

"မေမေသမီးတောင်းပန်ပါတယ်"

"လွှတ်ကြစမ်း!ယောက်ျားပြောပါအုံး ကျမကိုဘယ်ခေါ်သွားကြမလို့လဲမသိဘူး လွှတ်စမ်း!"

"ကိုယ့်ကိုခွင့်လွှတ်ပါမိန်းမရယ်"

ကားပေါ်ရောက်တဲ့အထိအတင်းရုန်းနေတာကြောင့်စိတိငြိမ်ဆေးထိုးပေးလိုက်တော့မှငြိမ်ကြသွားတော့သည်။ဆေးရုံကားများဟာခြံထဲကအလျှိုလျှိုထွက်သွားကြပီးနောက်အသသံများဟာတိတ်ဆိတ်သွားတော့သည်။

"သားငယ် ဖေဖေတို့စကားပြောကြရအောင်"

အလင်းခေါင်းငြိမ့်ပြကာအိမ်ထဲဝင်ပီးဧည့်ခန်းကဆိုဖာတွင်အားလုံးဝင်ထိုင်လိုက်ကြသည်။

"တကယ်တော့ သားအမေကစိတ်ဝေဒနာသည်တစ်ယောက်ဖြစ်နေတာ"

"ဗျာ!"

"သူအဲ့လိုဖြစ်နေတာသူငယ်ငယ်လေးတုန်းကရခဲ့တဲ့စိတ်ဒဏ်ရာတေကြောင့်ပဲ သားမေမေငယ်ငယ်ကအရွယ်နဲ့မလိုက်အောင်စိတ်ဒဏ်ရာတေရခဲ့ဖူးတယ် သူ့ရဲ့အမေသားရဲ့အဖွားကနာမည်ကြီးဆရာဝန်မတစ်ယောက် သားအဖွားကသားရဲ့အမေကိုလဲသူ့ကိုမျိုးသိပ်ဖြစ်စေချင်တာ အဲ့ဒါကြောင့်သူ့ကိုလိုတာထက်ပိုပီးဖိအားပေးခဲ့တယ် သူ့ဆီမှာဘာအားနည်းချက်မှမရှိအောင်နေ့ရောညပါတွန်းအားပေးတယ် သူ့အမေသဘောမကျရင်အစာငတ်နေရတာတို့ရေခဲရေထဲမှာနာရီနဲ့ချီပီးစိမ်နေရတာတို့အဲ့လိုအပြစ်မျိုးကိုအပေးခံရတယ် နောက်တော့သားအမေကိုအဖေကချစ်လွန်းလို့ခိုးပြေးပီးအဲ့ဒုက္ခကြီးကနေလွတ်မြောက်အောင်လုပ်ခဲ့တဲ့ သားအဖွားကလဲအဲ့နေ့မှာပဲနှလုံးဖောက်ပီးဆုံးသွားတယ် သားအမေကသူ့ဆီကလွတ်မြောက်ခဲ့ပေမယ့်သူ့ရဲ့စိတ်ဒဏ်ရာကတော့သူ့ဆီမှာပါလာခဲ့တယ် အဲ့တာကြောင့်သားအမကိုမွေးတော့ဘာမှမလစ်ဟင်းရအောင်သူဆုံးမတယ် သားအမကတော်မီးထက်မြတ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်မလုပ်တတ်တာဘာမှမရှိအောင်အလှပမှာလဲသူများထက်သာအောင်သူလုပ်ပေးခဲ့တယ် သားအမကလဲသူ့စိတ်တိုင်းကျနေပေးတော့သားအမေရဲ့ရောဂါကနည်းနည်းသက်သာလာတယ် ဒါပေမယ့်သားcome outလုပ်တဲ့နေမှာပဲရောဂါကပြန်ဖောက်လာတယ် ဖေဖေလဲဖျောင်းဖျပေးခဲ့​ပေမယ့်ခုလိုတေအထိဖြစ်လိမ့်မယ်လို့တော့မထင်ခဲ့ဘူး"

Love System (Completed)Where stories live. Discover now