Part 35(Uni+Zawgyi)

5.8K 228 14
                                    

Uni

"ကြီးသူ​ရေ!!!"

​"ဟော သားငယ် မနက်အ​စောကြီး ဘယ်က ပြန်လာတာလဲ "

​"ခေတ်လေး အတွက် ​ချောကလက်ကိတ် ကုန်​နေလို့ သွားဝယ်တာ"

​"ရော့ ကြီးသူ ယူ ထားလိုက်ပါအုန်း "

​ခေတ်က ​ရွှေဘုန်းကို အရင်လို စကား​တွေတီတီ တာတာ ​မ​ပြော​တော့တာ ၁ လ​ကျော်ပြီ ။ ​ခေတ်လေး ဗိုက်ကလည်း ၈ လထဲ​ရောက်ပြီ​လေ ။ မီးဖွားခါနီး လို့ ​ရွှေဘုန်း​တောင် အလုပ်ကို​နေ့တိုင်းမသွား​တော့ဘဲ မီး​နေ​စောင့်လုပ်​နေ၏။ ​ခေတ်​လေးက စိတ်ဆိုး မ​ပြေလို့ စကား မ​ပြော​ပေမယ့် ​ရွှေဘုန်းက အရင်ကထက်ပို​အောင် ဂရုစိုက်​ပေးတတ်သည်။ ​ခေတ်လေး အနားက ​နေ လိုအပ်တာ မှန်သမျှ အားလုံး လုပ်​ပေးတတ်သည်။ အခုလည်း ​ခေတ်​လေး စား​နေကျ ​ချောကလက်ကိတ်ကုန်သွားလို့ မနက်အ​စော ထပြီး သွားဝယ်လာတာ ။ breakfast စားဖို့ အဆင်သင့်ဖြစ်​အောင်။

"ချပ် "

​​​ရွှေဘုန်း တခါးဖွင့်ပြီး အခန်းထဲဝင်လိုက်​တော့ ​ခေတ်​လေးက ​ရေချိုးခန်းက ထွက်လာတာ bathrobe ​လေးဝတ်လို့ ။

"ဟာာ ​ခေတ်​​လေးကလည်း ​ရေချိုး​ခေါင်း​လျှော်တာ ​မောင့်ကိုလည်း မ​စောင့်ဘူး
​မောင်လုပ်​ပေးမှာ​ပေါ့"

​ရွှေဘုန်းက တဘက်တစ်​ထည် ကိုင်ကာ ​ခေတ်​​ခေါင်းကို ​ရေသုတ်​ပေး​နေရင်း စကား​တွေလည်း မျိုးစုံ​ပြော​နေ​ပေမယ့် ​ခေတ်​လေးက တစ်လုံးမှ ပြန်မ​ပြော ။

​"ခေတ်​လေး ခဏ ​မောင် အင်္ကျီသွားထုတ်လိုက်အုန်းမယ် "

"........"

​​ရွှေဘုန်း​ပြော​နေရင်း သူတို့ အဝတ်အစား​တွေ ထားတဲ့အခန်းကို ထဲဝင်သွားသည်။

​​ခေတ်လေးက ကိုယ်ဝန် ရင့်မာ လာပြီမို့ အသွားအလာမ​ပေါ့ပါး​တော့ ။ ​ခေတ်​လေးနဲ့ပါတ်သတ်တဲ့အလုပ်​​​တွေ အားလုံး ​ရွှေဘုန်းကပဲလုပ်​ပေးတတ်သည်။ ​ရေချိုးတာက အစ သနပ်ခါး​သွေးတာ အဆုံး​ခေတ်​လေး ကို လုပ်​ပေးသည်။

​"ခေတ်​လေး သနပ်ခါး​သွေးပြီးသွားပြီ
လိမ်းဖို့အဆင်သင့်ပါပဲဗျ"

Forever Together  (Completed)Where stories live. Discover now