အပိုင်း (၂၅)

15.4K 677 35
                                    


Please readers👉( 🚨🔞အသက်ပြည့်မှ ဖတ်စေချင်သည်)

" ကလေးငယ်....မသွားနဲ့ ကိုယ်ဆီပြန်လာခဲ့...ကိုယ်ခေါ်နေတယ်လေ...မီး..မီးတွေ"

ညက စိတ်နွမ်းနယ်မိတာကြောင့် Alcohol အနည်းငယ်သောက်မိခဲ့တယ်၊ ကလေးငယ်သိရင် ဘာပြောမလဲ .။ ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စဉ် ထူးဆန်းတဲ့အိမ်မက် တစ်ခု မက်ခဲ့တယ်၊ ကျွန်တော့်ကလေးငယ်က ဖိနပ်မပါဘဲ အရှိန်ပြင်းစွာတောက်လောင်နေတဲ့ မီးပုံကြီးဆီကို တရွေ့ရွေ့သွားနေတယ်။ ကျွန်တော် အော်ခေါ်သံကိုမကြားလင့်စွာ တစ်ဟုန်းဟုန်းတောက်လောင်နေပါသော မီးဖိုထဲသို့ တစ်လှမ်းချင်း တရွေ့ရွေ့သွားနေတဲ့ ကျွန်တော့်ကလေးငယ်။ အဆက်မပြတ်စီးဆင်းနေပါသော သွေးမျက်ရည်တွေနှင့် သိပ်မြတ်နိုးခဲ့ရသော မျက်ဝန်းများက ကျွန်တော်ကို နာကျည်းစွာ ကြည့်နေတယ်။ တစ်ခွန်းလေသော စကားမှမဟပါဘဲ၊ ကျွန်တော်ကို တစ်ချက်လှည့်ကြည့်ပြီး မီးပုံထဲ လျှောက်သွားရင်း အရှိန်ပြင်းစွာတောက်လောင်နေသော မီးတောက်တွေကြား.....ကလေးငယ်။

မောဟိုက်တုန်ရီစွာ ကြောက်လန့်တကြား အော်ဟစ်နိုးထရင်း အိပ်ခန်းမီးကို ဖွင့်လိုက်သည်၊ စားပွဲပေါ်က နာရီကိုတစ်ချက်ကြည့်မိတော့ ည ၂:၄၅ မိနစ်။ အိမ်မက်...အိမ်မက်မက်နေတာ...သိပ်ကြောက်ဖို့ကောင်းတဲ့အိမ်မက်...ကလေးငယ်က နယ်ကအိမ်မှာ၊ ဘာမှမဖြစ်ဘူး ။ကလေးငယ် သူ့အိမ်မှာပျော်နေတာ ။ အိပ်ယာဘေးစားပွဲခုံပေါ်မှ ရေအပြည့်ဖြည့်ထား သော ရေတစ်ခွက်ကို အငမ်းမရ သောက်ရင်း၊ ကလေးငယ်ပုံလေး ရိုတ်ထားမိတဲ့ gallery file တစ်ခုအားဖွင့်ပြီး ရှာမိသည်။တစ်ခုတည်းသောပုံလေး ၊ မျက်လုံလေးမှိတ်သည်အထိ လှပစွာပြုံးနေသော ကလေးငယ်မျက်နှာကို အလွမ်းပြေ ကြည့်နေမိတယ်။ ပြန်လည်အိပ်စက်ဖို့ ကြောက်လန့်နေပြီမို့ ကလေးငယ် ကိုယ်ဆီ ပြန်လာပါတော့.....။

------------------

ခုဆို အစ်ကိုနဲ့ Australia ကိုထွက်လာမိတာ ၆လ ကျော်ပြီ၊ ငကောင်းနဲ့အဆက်အသွယ်မရပေမယ့် အစ်ကိုကတော့ သူ့ သူငယ်ချင်းတွေဆီ အမြဲဆက်သွယ်ဖြစ်တယ်။ ကျွန်တော်တို့ လက်ထပ်ကြတော့မယ်လို့ နှစ်ဖက်မိဘနဲ့ သူငယ်ချင်းတွေ အသိပေးတော့ အစ်ကိုသူငယ်ချင်းတွေက လိုက်မလာနိုင်ခဲ့ဘူး ၊ အလုပ်တစ်ဖက်နဲ့ မို့ မြန်မာပြည်ပြန်လာမှ ဂုဏ်ပြုပါ့မယ်ဆိုပြီး တောင်းပန်စကားဆိုခဲ့ကြ တယ်။ အလုပ်ကိုယ်စီနဲ့ နာမည်ကြီး အိမ်တော် က သားတွေမို့ မလာနိုင်တာ နားလည်ပေးနိုင်တယ်။ ပြန်လာမှ အားလုံးကို နောက်တစ်ခါပြန်ဆောင်ပေးမယ်ဆိုပြီး အရွှန်းဖောက်ခဲ့ကြသေးတယ်။ social media သိပ်မကျွမ်းကျင်သော ငကောင်း လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသည်။ ကိုရဲ့ရင့် အနား ပျော်နေပြီ ယုံကြည်လို့ ငါ ထားခဲ့မိတယ်။ Weeding အတွက်အပါးတို့ လိုက်လာစဉ် ငကောင်း များပါမလားမျှော်နေမိတယ်။ အမှန်တကယ် ပါမလာခဲ့ပါဘူး ။ မဖြစ်နိုင်တာကို မသိစိတ်က မျှော်နေမိလို့ ကိုယ်ကိုကိုယ်လည်းသနားတယ်။ ကျွန်တော် လက်ထပ်တော့မှာ သူသိနေရောပေါ့။ ငါအတွက် လိုနေတာမင်းရဲ့ဂုဏ်ပြုစကားလေးတစ်ခွန်း ပါ။ အပါးတို့ ပြောပြချက်အရ ငကောင်းအမေ နေမကောင်းဘူး ဆိုစတာ သိရတယ်။ ငကောင်းလည်း နယ်ပြန်ရောက်ချင်ရောက်နေမှာ ၊ နယ်မှာ သားအမိ တွေ ပျော်နေလောက်ပြီ။ မင်းအဆင်ပြေတယ်ဆိုတာလေး ရွေးတွေးပေးရင်း ငါ့ရဲ့အဝေးမှာ မင်းချစ်တဲ့ သူတွေနဲ့ ပျော်ရွှင်ပါစေ သူငယ်ချင်းရာ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now