Chapter 28.1

4.3K 768 40
                                    

(Unicode)

မျိုးနွယ်စုခေါင်းဆောင်က စကားပြောပြီးသွားတဲ့အခါ သူက သင်ကြားခံနေရတဲ့ခဲယ်လ်တစ်ရဲ့ မျက်နှာကို မြင်တွေ့ရတာ အရမ်းကျေနပ်သွားပြီး သူ့(ခဲယ်လ်တစ်)ကို အလုပ်ကြိုးစားအောင်လုပ်ဖို့ ပခုံးပေါ်ကို လက်နဲ့ပုတ်လိုက်တယ်။

ဂူထဲမှာ သူ့အဖေကို စောင့်နေတဲ့ နီရှိဇ၀နဲ့ မထွက်သွားရသေးတဲ့ အယ်လီတို့က အရမ်းသိချင်စိတ်ပြင်းပြနေကြတယ်။ မျိုးနွယ်စုခေါင်းဆောင်က ခဲယ်လ်တစ်ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ခေါ်ထုတ်ပြီး အချိန်အတော်ကြာအောင် တီးတိုးပြောနေကြတာ။သူ(မျိုးနွယ်စုခေါင်းဆောင်) ဘာပြောနေတာလဲ?

အကြားအာရုံကောင်းမွန်တဲ့ လိန်းကျယ်က  သူတို့ကြားက စကားဝိုင်းကို သူ့မျက်နှာပေါ်က ပြတ်သားတဲ့အမူအရာနဲ့အတူ တစ်လုံးမှမလွတ်စေပဲနဲ့ နားထောင်ခဲ့တယ်။ ထို့နောက်တော့ သူက နောက်ထပ် စရုန်းကန်ရတော့တယ်။  အန်းချီလော့က အခု သူ့ရဲ့ချစ်သူဖြစ်ပြီး သူ(အန်းချီလော့)ကြီးပြင်းလာတဲ့အခါ သူတို့နှစ်ဦးက လက်တွဲဖော်ဖြစ်လာမှာဖြစ်တယ်။သူ့ကို အန်းချီလော့ ပိုသဘောကျလာအောင်လုပ်ဖို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့နည်းလမ်းကို သူ စမ်းကြည့်သင့်လား။

ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်နဲ့ခဲယ်လ်တစ်က ဒီနေ့အိမ်မှာ ရှိနေတဲ့ ခြင်္သေ့လေးကို မေ့နေခဲ့ကြပြီး သူ(ခြင်္သေ့လေးတပေါ)ကလည်း မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိန်းမလိုက်ပိုးနည်းတွေကို ကြားသွားခဲ့တယ်။ဒါကို သူ့စိတ်ထဲမှာပဲ သိမ်းထားရင်းနဲ့ ခြင်္သေ့လေးက မျိုးနွယ်စုခေါင်းဆောင်ရဲ့ လှည့်ကွက်လေးတွေကို အတည်ပြုဖို့အတွက် ဖေးကော( ဖက်ဂီ/ဖေးကျီ)ကိုရှာဖို့ အချိန်ရှာကြည့်ရမယ်လို့ သူ့ကိုယ်သူဆုံးဖြတ်လိုက်တယ်။ဒါကြောင့် စိတ်အားထက်သန်နေတဲ့မျိုးနွယ်စုခေါင်းဆောင်က အမှတ်တမဲ့နဲ့ ကလေးကို မကောင်းတာတွေ သင်ပေးမိသွားခဲ့တယ်။

နောက်ရက်အနည်းငယ်မှာ ခဲယ်လ်တစ်ရဲ့အိမ်က အရမ်းကို အသက်၀င်နေပြီး Irvineက လူများစွာက ရက်လုပ်တဲ့စွမ်းရည်ကို သင်ယူဖို့ လာခဲ့ကြတယ်။ပြီးတော့ သူတို့အိမ်ထဲက orcs(ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့)က သားကောင်အချို့ကို ပို့ကြလိမ့်မယ်။ဒီနည်းလမ်းနဲ့ အယ်လ်ဗင်နဲ့ရှီကျဲက ညစာအတွက်နေဖို့ မငြင်းဆိုနိုင်တော့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now