Chapter - 33

13.2K 786 34
                                    

တစ်ပတ်ခန့်ကြာပြီးနောက် …

ယံယံလူနာတွေကိုကုသပေးပြီး အနားယူနေတုန်း Ph Call တစ်ခုဝင်လာသည် ။ ကြည့်လိုက်တော့ ဇွဲကခေါ်နေခြင်းဖြစ်သည် ။

" Hello ! ဇွဲ "

" ယံယံ မင်း မုဒြာနဲ့အဆက်အသွယ်ရလား "

" မရဘူး … သူ့ဖုန်းကလဲ ပိတ်ထားတယ် … မင်းရောသူတို့နဲ့အတူ မရှိနေဘူးလား "

" အဖိုးကြွယ်နာရေးပြီးတော့ ဧကရာဇ်မောင်က မုဒြာကိုခေါ်သွားတာ ခုထိပြန်မလာကြသေးဘူး … ဦးလေးမြတ်ကိုမေးကြည့်တော့လဲ ဧကရာဇ်မောင်က မုဒြာနဲ့တွေ့ခွင့်မပေးပဲ သူစိတ်အဆင်ပြေတဲ့ထိ တစ်ယောက်ထည်းပေးနေဖို့ပြောတယ်တဲ့ … ဒါပေမဲ့ မုဒြာကသန်မာတယ် ဒီလောက်အကြာကြီးသူအချိန်ယူနေမှာမဟုတ်ဘူး …  သူ့ကိုဆက်သွယ်လို့မရတာက သူတစ်ခုခုဖြစ်နေလို့များလား "

ယံယံက ဧကရာဇ်မောင်နဲ့မုဒြာရဲ့ကျန်းမာရေးကိုအသိဆုံးမို့ အနည်းငယ်စိတ်ပူပန်သွားသည် ။

" ဧကရာဇ်မောင်က ကန့်တတ်လူနာတစ်ယောက် … သူ့အခြေအနေကိုစမ်းသပ်ပြီးမှမုဒြာနဲ့ပေးနေခိုင်းသင့်တာ … ခု ဧကရာဇ်မောင်ကလဲ ငါ့ကိုဆက်သွယ်မလာဘူး "

" ငါခုပဲ သူတို့ကိုသွားရှာမယ် "

" ခနနေပါဦး … မုဒြာကဧကရာဇ်မောင်နဲ့အတူရှိနေရင် လုံခြုံမှာပါ … ခုအရေးကြီးတာက ကသစ်ပန်းတို့သားအဖကိစ္စဘာဖြစ်သွားပြီလဲ "

" ကသစ်ပန်းတို့သားအဖရဲ့ပြစ်မှုမှတ်တမ်းတွေအားလုံးကိုရရှိပြီ … လူကိုရှာပြီးဖမ်းယုံပဲ … သူတို့လုပ်ထားတာတွေကအပြစ်ကြီးတော့ သေဒါဏ်ကျဖို့များတယ် … ပိုင်ဆိုင်မှုတွေပုံအောပြီးရှေ့နေလိုက်ရင်တောင် သူတို့အသက်ကို ကယ်နိုင်မှာမဟုတ်ဘူး … ဒါပေမဲ့ ခုထိ သူတို့ ၂ ယောက်ကိုလဲ ဘယ်မှာမှရှာမရဘူး … ပြည်ပထွက်ခွင့်လဲပိတ်ထားတော့ ဒီနိုင်ငံထဲမှာပဲရှိနေဦးမှာပါ … မြေလှန်ရှာရင်မကြာခင်တွေ့ရလိမ့်မယ်  … သူတို့ကိုရှင်းပြီးမှ မုဒြာအတွက်စိတ်အေးရမှာ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now