Chapter - 21 (Part 2)

433 68 1
                                    

Unicode

ကျောင်းကုန်းဇီ အလုပ်က ပြန်လာပြီး ငါ့ကိုတွေ့တော့ ငါ သူ့ဆီကို တမင်တကာသွားပြီး​ ကြိုဆိုလိုက်တယ်။ သူ စားချင်တဲ့ကိတ်မုန့်တွေကိုတောင် ငါ ယူပေးလိုက်တယ်။

သူက သတိထားမှုအပြည့်နဲ့ မေးလာတယ်, "ဟေ့ကောင်, မင်း ဒီတစ်ခါ​ကော ဘာလုပ်ထားလဲ?"

​ကျောင်းကုန်းဇီက သံသယဖြစ်လွန်းပြီး ငါ့ကို အမြဲတမ်းသံသယဖြစ်နေတယ်။

"ကျင်းရှန့်က ဘယ်မှသွားစရာမရှိဘူး, ဒါကြောင့် သူ့ကို ငါတို့အိမ်မှာ နေခိုင်းလိုက်တယ်__"

​ကျောင်းကုန်းဇီက ငါ့ကိုကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, မင်း ​လောင်ဇီ့ကို အရင်ကြိုမေးခဲ့လို့လား?!"

ငါ သူ့ကို ​မေးလိုက်တယ်, "မင်း အဆင်ပြေလား?"

သူက ငါ့ကို အော်တယ်, "မင်းအမေကို အဆင်​ပြေလိုက်​လေ! အဆင်မပြေဘူး!"

ဒါ​ကြောင့် ငါ သူ့ကို မ​မေးခဲ့တာ။

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "သူ့ကို ဖယ်ခိုင်းလိုက်စမ်းပါ"

ငါက ရှင်းပြလိုက်တယ်, " သူက ဘာကိုမှ အတိအကျ မပြောပြချင်ပေမယ့်, ဘာပဲဖြစ်ဖြစ်, သူ့အိမ်ကို အဲ့ဒီလူတွေက သိမ်းပိုက်ထားတာ, နေစရာနေရာမရှိဘဲ တစ်ယောက်တည်းနေဖို့ဆိုတာက မလုံခြုံဘူး​လေ"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "သူ့ကို ဟိုတယ်မှာ တည်းခိုဖို့ ပိုက်ဆံပေးလိုက်"

ငါ့မှာ ပိုက်ဆံမရှိဘူး​လေ။ လက်ရှိမှာ ​ကျောင်းကုန်းဇီမှာ​လည်း ပိုက်ဆံရှိ​မနေဘူး။

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "​လောင်ဇီနဲ့ ဘာဆိုင်လို့လဲ? သူ့မှာ ပိုက်ဆံရှိ​နေတာပဲ"

ဒါပေမယ့်လည်း ငွေက ပြဿနာမဟုတ်ဘူး​လေ။ ပြဿနာက သူ့ရဲ့လုံခြုံရေး။

"ဟမ်း​အတွက်​ကြောင့်​လေ"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "ဒါဆိုရင် ​လောင်ဇီရဲ့ခွေးကို သူ့ဆီကနေ ပြန်ယူဖို့ ငါတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ"

"မဖြစ်နိုင်ဘူး, ငါ သူ့ကို မေးပြီးသွားပြီ, သူက ဟမ်းကိုခေါ်ပြီး အိမ်ယာမဲ့လမ်းတွေပေါ်မှာ ​လျှောက်သွားတော့မယ်လို့ ပြောတယ်, အဲ့ဒါကြောင့် ငါက ငါတို့တိုက်ခန်းမှာ ခဏလောက်နေဖို့ ဖိတ်ခေါ်လိုက်တာ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now