အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်

1.3K 150 14
                                    

Uni
အနွယ်တို့တောင်ဘက်မုဒ်ကနေတတ်လာရင်း လမ်းမှာပန်းရောင်းနေသည်တွေ့တာကြောင့် ဘုရားမှာကပ်ဖို့ ပန်းဝယ်ရယ်ပြင်လိုက်သည်။

" အမရေ ပန်း ကဘယ်လိုရောင်းလဲ "

" ညီမလေးရေ ၅ကျပ်တည်း ပန်းတွေအစုံပါတယ် "

" ဟုတ် အမ အဲ့တာဆို ညီမကိုတစ်စည်းပေးနော်"

" ဟုတ်ပြီ ညီမလေးရေ "

အနွယ် ပန်းသည်အမကြီး ကမ်းလာတဲ့ ပန်းကို လှမ်းယူဖို့အလုပ် ဟန်နီက ပန်းစည်းကို ဖြတ်ယူသွားသည်။

" အမ "

" ဟေ "

" ပန်းတွေက ဒါတွေပဲရှိတာလား "
ထိုအမေးကြောင့် ပန်းသည်အမကြီးက ကြောင်အမ်းအမ်းဖြစ်သွားလေသည်။

" ဇီဇဝါ မရှ်ိဖူးလား "

" ဇီဇဝါ အေးအေး ခနနော် ရှာပေးမယ် "

ပန်းသည်အမကြီး ပန်းရှာနေတုန်း အနွယ်က ဟန်နီကို ဘာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
သို့သော်လည်း ဟန်နီက ဘာမှမပြောပဲ အပြုံးတစ်ပွင့်သာပြုံးပြလာသည်။

" အို ရှိနေတာပဲ ဒီမှာ ညီမလေး ဇီဇဝါ ရှိတယ်"

" ဟုတ် အမအဲ့တာဆို ဇီဇဝါပဲ ပေးတော့ "

" အေးအေး ညီမလေး"

ပန်းသည်အမကြီး လက်ထဲက ဇီဇဝါပန်းကို အနွယ့်လက်ထဲထည့်ပေးလိုက်သည်။

" လာ ဟန်နီတို့သွားရအောင် ဟိုနှစ်ယောက်က ဘုရားတောင် တစ်ပတ်ပတ်ပြီးနေလောက်ပြီ"

" အယ် ဟုတ်သား  သူတို့နှစ်ယောက်ကို မေ့နေတာရော"

ရှက်ပြုံးလေးတစ်ပွင့်စွန့်ကြဲလိုက်ပြီး ဘုရားပေါ်အမြန်တတ်သွားလိုက်သည်။
ဘုရားပေါ်ရောက်သည်နှင့် ကိုယ့်နေနံကို လိုက်ရှာပြီး ဘုရားဦးချ၊ ပန်းကပ် ပြီးရေသပ္ပါယ်ကြသည်။

မုန်းကတော့ ဘုရားစာ မရသည့်သူပီပီ ဦးသုံးကြိမ်သာချလိုက်ပြီး ဘုရားအကြာကြီးရှိခိုးနေသည့် အချစ်သည်းကညှာကိုစောင့်နေလိုက်သည်။

အနွယ်နဲ့မုန်း ဘုရားရင်ပြင်ပေါ်ကို တစ်ပတ်ပတ်နေရင်း ခုနက မမေးလိုက်ရတဲ့မေးခွန်းကိုမေးလိုက်သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now