Chapter 215 to 216 Z

1K 73 0
                                    

Chapter 215
{ အမေလုက လူဆိုးလေးရဲ့နည်းလမ်းတွေကို သိသွားခဲ့ပြီ - ၃ }

အမေလုက ရီကျန်းအား ကျိုးကျိုးလေးရဲ့အကျင့်တို့ကို ပြောပြခဲ့ဖူးပေတယ်... ကျိုးကျိုးလေးသည် သူ့အမေမှလွဲ၍ မည်သူကိုမျှ အဖက်မလုပ်ချေ... သူနှင့်ရွယ်တူကလေးငယ်များကဲ့သို့ တွားသွားကာ ဆော့ကစားတတ်ခြင်းလည်း မရှိဘဲ တစ်နေ့လုံး အိပ်ယာထဲတွင်သာ လှဲနေတတ်၏..

ရီကျန်းသည် အမေလုဆီမှ ထိုအကြောင်းတို့ကို သိလိုက်ချိန်တွင် ကျိုးကျိုးလေးတစ်ယောက် လူပျင်းတစ်ယောက်အဖြစ်ကြီးပြင်းသွားမည်ကို စိုးရိမ်သွားမိလေတယ်...

" ကျိုးကျိုးရေ... ဒီအရောင်စုံတုံးလေးတွေနဲ့ အိမ်ဆောက်ကြရအောင်လား... "

ကျိုးကျိုးလေးသည် ထိုချိန်တွင် ဘယ်သူပြောသည်ကိုမျှ နားမထောင်ဘဲ သူ့အမေလက်မောင်းပေါ်တွင် မှီထားရင်း နို့ဘူးစို့နေချေသည်...

ရီကျန်းသည် သူမသားအတွက် လွန်စွာစိုးရိမ်မိပေ၏... မည်သို့သောကစားစရာမျိုးနှင့် ခေါ်ဆော့ ခေါ်ဆော့ ကျိုးကျိုးလေးဟာ အရာအားလုံးကို လျစ်လျှူရှုနေဆဲပင်... ရီကျန်းတစ်ယောက် ကူကယ်ရမဲ့သလိုပင် ခံစားလိုက်ရလေသည်... ကလေးထိန်းမည့်အစား ကျားမြှီးသာ ပြေးဆွဲလိုက်ချင်မိ၏... ခေတ္တအကြာမှာတော့ သူမက ကျိုးကျိုးလေးအား အပေါ်ထပ်သို့ ပြန်ချီသွားရန် လုပ်လိုက်စဉ်တွင် ကျိုးကျိုးလေးသည် ရီကျန်းရဲ့အင်္ကျီကို ဆွဲထားရင်း သူမကို မော့ကြည့်ကာ " မေ..မေ "

ရီကျန်းသည် ကလေးဆီမှ အသံကြားလိုက်သော်လည်း ဘာကိုပြောလိုက်မှန်း မသဲကွဲတာကြောင့် ကျိုးကျိုးလေးအား ကောက်ချီလိုက်စဉ်၌ ကျိုးကျိုးလေးဆီမှ " မေမေ... "

ဒီတစ်ကြိမ်တွင်တော့ ရီကျန်းသည် ကျိုးကျိုးပြောလိုက်သည့်စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်...

" ကျိုးကျိုး...! မေမေလို့ ခေါ်လိုက်တာလား !! "

ထိုအခါ ကျိုးကျိုးလေးက တခစ်ခစ်ရယ်မောလိုက်ပြီး အမေဖြစ်သူကို ကြည့်ကာ  " မေ..မေ... "ဟု ထပ်ခေါ်လိုက်ပြန်တယ်...

" အမေရေ!! " ရီကျန်းသည် အံ့သြတကြီးဖြင့် အပေါ်ထပ်မှ အမေလုအား ပျော်ရွှင်စွာအော်ခေါ်လိုက်ရင်း " အမေရေ... ကျိုးကျိုးက မေမေလို့ ပြောတတ်နေပြီ အမေ...! "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now