မြန်မာပြည်ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာ အငယ်ကောင် Jackson ဦးစီးလုပ်ကိုင်နေသော Project စီမံကိန်းထဲက နေရာတစ်ခု ကို လက်ထောက်ကိုမျိုးနှင့် နှစ်ယောက်တည်း လှည့်လည် စစ်ဆေးရင်း မြို့ထဲ ရောက်နေခဲ့တယ်။ Jackson က အိမ်တော်မှာ မိဘနဲ့အတူမနေဘဲ Company နဲ့နီးတဲ့ သူအပိုင် condo မှာနေသည်ဟု သိရတယ်။ အပါး၊ မားမားတို့က တားမြစ်ခြင်းမပြုပေမယ့် ကျွန်တော်စိတ်ထဲ သိပ်သဘောမကျမိဘူး။ အိမ်တော်မှာ အပါးတို့ အထီးကျန်စေတယ်လို့ ခံစားနေမိတယ်။ Jackson ငယ်စဉ်ကလည်း အဖိုးရှိတဲ့ Korea ကို သွားနေစဉ်ကလည်း အပါးတို့နဲ့ခွဲနေရတယ်၊ ခု ပြန်ရောက်လာတော့လည်း အလုပ်ကိစ္စနဲ့ အပြင် သက်သက်နေနေတယ်။ ကျွန်တော် သူနဲ့ထိပ်တိုက်တွေ့ပြီး ညှိနိူင်းမှရမယ်၊ မိသားစုအရေအတွက်မများသော HANTHAR အိမ်တော်မှာ တကွဲတပြားဆီ နေနေကြတာကို မလိုချင်တော့ဘူး။ မိဘတွေ အသက်ကြီးပြီ၊ ကိုယ်တွေလည်း မငယ်တော့ဘူး ၊ မိဘတွေနားနေပြီး မိသားစု တွေ အတူတူ ပျော်ရွှင်စွာနေချင်မိသည်။" ပါး...လက်ထဲက ဘာကြီး လဲ .."
"ပါး လည်းမသိဘူး သားကြီး ၊ အိမ်တော်လိပ်စာနဲ့ လာတဲ့စာ ။ ဘယ်ကလာတယ်ဆိုတာ မသိဘူး ၊ ပေးပို့သူအမည်လည်း မပါဘူးသားကြီး၊ သားငယ် အမည်ကို လိပ်မူပို့ လာတာ "
"ဟုတ်လား...ပါး..သားကြည့်လို့ရမလား "
"ရော့...သားကြီးပဲ ..သားညီလေး ကိုပေးလိုက်လေ..ပါး..မင်းမားဆီ သွားအုံးမယ်...အပြင်ကပြန်လာတာလား၊ နား...နား..သားကြီး ခုမှ မြန်မာပြည် ပြန်ရောက်တုန်း ခဏ နားပါအုံး ၊ အလုပ်ကိစ္စတွေက သားငယ် ရှိပါတယ်၊ တအားကြီး မစိုးရိမ် ပါနဲ့ ....သားကြီး "
"ဟုတ်ကဲ့ပါ ပါး "
Jackson Condo မှာ တွေ့ရတဲ့ ကလေး အကြောင်းကို စဉ်းစားမိရင်း ၊ အိမ်တော်ပြန်ရောက်တော့ စာအိတ်ကို ကိုပြီး ကြည့်နေတဲ့အပါးနဲ့ ဆုံမိကြတယ်။ ဘယ်သူကပို့မှန်း လိပ်စာထည့်မထားဘဲ Jackson အမည်နဲ့ ရောက်ချလာတယ်။ Jackson ဘာတွေ လုပ်နေလဲ ကျွန်တော်မရှိတဲ့ ဒီနှစ်တွေမှာ ။ ဘာလို့ သူ့ Condo မှာ သူစိမ်း ကလေးငယ် တစ်ဦးကို ခေါ်ထားတာလဲ။ အငြိုးအားကြီး တဲ့ Jackson ၊ Foreign မှာ နေတာများပြီး တစ်ဖက်သား ခံစားချက်ကို ထည့်မတွေးတက်ဘူး ။ သူ့မှန်တယ်ထင်ရင် ဖြစ်အောင် လုပ်တက်တဲ့အကျင့်၊ တဇွတ်ထိုး အကျင့်တွေ ကြောင့် စိတ်ပူမိတယ်။ ခက်တယ် ဒီကလေး ခုလည်း ဘာတွေလျှောက်လုပ်နေလဲမသိ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...