ယွီအာ(Arc -2.8)(end)

11.7K 900 11
                                    

<Unicode>
ယွီအာကစားလက်စမုန့်ကိုပြန်ချကာရေကရားထဲမှရေကိုခွက်နှစ်ခုထဲသို့ငှဲ့လိုက်ပီး..

"ဂုဏ်ဖော်ပေးတာကျေးဇူးပါစစ်သူကြီး ဟုတယ်ကျနော်ကအဆိပ်အကြောင်းသိတယ် ကျွမ်းလဲကျွမ်းကျင်တယ်အဲ့တော့ဒါဘာအဆိပ်လဲဆိုတာပါသိတယ် ဒါကနဂါးပန်းအဆိပ်လို့ခေါ်တယ်တစ်စက္ကန့်အတွင်းလူကိုသေစေတယ် အနံ့ရောအရသာပါမရှိလို့အမှုမပေါ်ဘူး ဒါပေမယ့်ဘယ်လောက်ပဲပိရိနေပါစေ ဟာကွက်တစ်ခုတော့ရှိတယ် ဒီနံဂါးပန်းကထွက်တဲ့ဝတ်မှုန်ကရေနဲ့မတည့်ဘူး ဒါ့အပြင်အဲ့ဝတ်မှုန်ကလူကိုယ်ပေါ်မှာသုံးရက်တိတိကြာရှည်ခံတယ် အဲ့ပန်းကိုထိမိပီးသုံးရက်အတွင်းရေနဲ့ထိမိတာနဲ့အဲ့ထိမိတဲ့နေရာကအနီအစက်တေထွက်လာမယ် ဟိုအစေခံမလေးလက်ကအနီစက်တေလိုမျိုးပေါ့"

ယွီအာကပြောလိုက်တော့ဖိုအစေခံမလေးကသူ့လက်ကိုအင်္ကျီဖြင့်ဆွဲဖုံးလိုက်သည်။

"မင်းပြောတာက ငါအဆိပ်ခတ်လိုက်မှန်းမင်းမြင်တယ်ပေါ့ ဘယ်အချိန်မှာမြင်တာလဲ"

"ဟို ဟို ကျမမမှတ်မိဘူး"

"မင်းမြင်တယ်ဆို မင်းကဘာလို့မမှတ်မိရတာလဲ"

"ကျမ ကျမ"

"မင်းအခုချိန်ဝန်ခံရင်မင်းကိုအပြစ်လျှော့ပေါ့ပေးမယ် မဟုတ်ရင်တော့ ဘုရင့်ကိုလုပ်ကြံရင်ဘာအပြစ်လဲမင်းသိပါတယ်"

အစေခံမလေးကလန့်သွားကာစစ်သူကြီးနဲ့ဖန်ချင်အားလှည့်ကြည့်တော့သည်။

"မိဖုရားယွီက သူ့ကိုခြိမ်းခြောက်နေတာပဲ!"

"ခဗျားကိုမေးပါရစေစစ်သူကြီး ကျနော်ကဘာကိစ္စကြောင့်မင်းကြီးကိုလုပ်ကြံရမှာလဲ"

"ဒါကတော့ရှင်းရှင်းလေးလေ မင်းကြီးကကျနော်မျိုးရဲ့သမီးကိုတော်ကောက်လိုက်လို့မကျေနပ်ပဲလုပ်ကြံတာလေ"

"အဟားဟား ခဗျားကရယ်ရသားပဲ နံပါတ်တစ်အချက်မင်းကြီးကခဗျားသမီးကိုသူ့သဘောကျလို့တော်ကောက်တာမဟုတ်ဘူး ခဗျားကသမီးပေးပီးရာထူးတောင်းတာ နံပါတ်နှစ်အချက် ကျနော်ကဘာလို့သူ့ကိုမနာလိုဖြစ်ရမှာလဲမင်းကြီးကကျနော်မှကျနော်ပဲ ခဗျားသမီးကိုအသားချင်းထိမိရင်တောင်ချက်ချင်းရေပြန်ချိုးတာ တတိယအချက်ကတရားခံကဘယ်သူလဲအခုသိရပီ"

Love System (Completed)Where stories live. Discover now