Chapter 169

17.4K 2.5K 174
                                    

Unicode

ဖေ့ကျင့်ယွီမျက်နှာကို အောင်အောင်မြင်မြင်ဖြတ်ရိုက်ပြလိုက်ခြင်း၊ သုံးပွဲလုံးအသာလေးနိုင်ခဲ့တယ်
___________________________________

ယန်းချင်းချီ စားပွဲပေါ်ထောင်ထားသည့် ပန်းချီကားကို ခဏလောက်စိုက်ကြည့်နေလိုက်ကာ ideaအချို့ရလာပြီးနောက် စာရွက်ပေါ် ခဲတံစခြစ်လိုက်သည်။ သူက ပုံဆွဲအရမ်းမြန်သည်။ ပထမတစ်ချက်မှာ ဆွဲနေကျဖြစ်တဲ့အတွက် ကောက်ကြောင်းတွေက စိတ်ထဲအသည်းထဲကအထိမှတ်မိနေကာ အမှားလုပ်နိုင်ခြေနည်းသည်။ ဒုတိယတစ်ချက်မှာ ပုံမဆွဲခင် ပုံတစ်ပုံလုံးကို အကြမ်းဖျင်း မျက်လုံးထဲမှတ်ထားလိုက်တာကြောင့် ခဏခဏပြန်မော့ကြည့်ပြီး အချိန်ဖြုန်းနေစရာမလိုတော့ပါ။ သိပ်မကြာခင် ခေါင်းအနည်းငယ်ငုံ့နေပေမဲ့ မျက်လုံးလေးက ဘေးကကောင်လေးကို ချောင်းကြည့်နေသည့် ရှက်သွေးဖြာနေသော ကောင်မလေးတစ်ယောက်ရုပ်လုံးပေါ်လာတာကို ကျန်းမော့ချန်တွေ့လိုက်ရသည်။

ယန်းချင်းချီ ကောင်မလေးရဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ပိုင်ရှင်ရဲ့ပုံအတိုင်း တစ်ခုမလွဲဆွဲပေးလိုက်ကာ ကောင်မလေးကိုအကြမ်းဖျင်းလက်စသတ်ပြီးတာနဲ့ ဘေးကကောင်လေးကိုစဆွဲသည်။ ကောင်လေးမှာ အခုလေးတင်မှ ဝန်ခံထားခြင်းဖြစ်တာကြောင့် မျှော်လင့်ချက်တွေပြည့်နေသည့်မျက်ဝန်းတစ်စုံဖြင့် ကောင်မလေးကို စိုးရိမ်တကြီးစိုက်ကြည့်နေကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အဖြေကိုစောင့်မျှော်နေသည်။

ယန်းချင်းချီ အဓိကလူနှစ်ယောက်ဆွဲပြီးတာနဲ့ ကျန်းမော့ချန်ဆွဲထားသည့်ဒေါင်လိုက်မျဥ်းတွေကို လမ်းမီးတိုင်အဖြစ် ဖြည့်ဆွဲလိုက်သည်။ အလျားလိုက်မျဥ်းတန်းတွေကိုတော့ ဟိုဆက်ဒီဖျက်နဲ့ ချစ်စရာသစ်သားခုံတန်းလေးအဖြစ်ဖန်တီးလိုက်သည်။

အားလုံးနီးပါးပြီးသွားတော့ ယန်းချင်းချီ ကျန်းမော့ချန်အနားကပ်ကာ လေသံတိုးလေးဖြင့်

'' ခင်ဗျား ဒီနေရာတစ်ဝိုက်မှာ ကြိုက်တာဆွဲလို့ရတယ် ခင်ဗျားအပိုင်နိုင်ဆုံးတစ်ခုခုကိုချဆွဲလိုက် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now