Chapter - 34

12.4K 753 48
                                    

ဧကရာဇ်မောင်ပြန်ရောက်လာပြီးနောက်မှာ ရုံးရဲ့ရှေ့မှာရော အိမ်တော်ရဲ့ခြံတံခါးဝမှာပါ သတင်းထောက်တွေ ရောက်လာကြသည် ။ အားလုံးက ခုနာမည်ကြီးနေတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ပတ်သပ်ပြီး ဧကရာဇ်ထံက ဖြေရှင်းချက်ကို လိုချင်နေကြခြင်းဖြစ်လေသည် ။

ဒီလိုမျိုးဖောက်ပြန်မှုတွေက နေရာတိုင်မှာရှိနေတတ်ပေမဲ့ ဧကရာဇ်လို အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သလို မိတ်ဖက်ရဲ့အဖိုးဖြစ်သူဆုံးပါးသွားတာလဲ မကြာသေး၍ ခုလိုသတင်းထွက်လာခြင်းက လူတွေအားစိတ်ပျက်မှုဖြစ်စေခဲ့သည် ။ အရာအားလုံးကိုပိုင်ဆိုင်နေတာတောင် လောဘမတတ်နိုင်တဲ့ သစ္စာမဲ့တဲ့လူသားတစ်ဦးအဖြစ် မှတ်ချက်ပြုကုန်ကြသည် ။

ကသစ်ပန်းဟာ သူမရှို့ခဲ့တဲ့မီးက အရှိန်ပြင်းပြင်းလောင်ကြွမ်းနေကာ ဧကရာဇ်နဲ့ကုမုဒြာလဲ လူကြာထဲမျက်နှာမပြရဲတော့မှာကိုတွေးပြီး ပျော်နေသည် ။ သူမက ထိုမျှလောက်နဲ့အားမရပဲ လူတွေသူမဘက်ပိုပြီးထောက်ခံလာအောင် Live လွှင့်ပြီး မျက်ရည်ချူပြလေတော့သည် ။

သူမက မဟုတ်မမှန်တာတွေရော ကုမုဒြာတို့အိမ်ထောင်ရေးက ဟန်ဆောင်လိမ်ညာထားတဲ့အကြောင်းတွေကိုပါ ထုတ်ဖော်ပြောကြားခဲ့သည် ။ ထို Vd ကမိနစ်ပိုင်းအတွင်းမှာ ပြန်နှံ့ခဲ့ပြီး အမျိုးသမီးအိုမီဂါတစ်ယောက်ကို အတုအယောင်အိမ်ထောင်ရေးမှာ အသုံးချဖျက်စီးခဲ့တဲ့ ဧကရာဇ်ကို တရားဆွဲဖို့ထိ လူထုကတောင်းဆိုလာကြသည် ။

မုဒြာဟာ ဖြစ်ပေါ်နေတဲ့သတင်းအခြေအနေတွေကို ကြည့်ရှုလိုက်ချိန် အသက်ရှူပါကြပ်ပြီး လဲကျသွားလေသည် ။ လူတွေက ဧကရာဇ်မောင်ကို အပြစ်တင်ယုံမကပဲ မိတ်ဖက်ဖြစ်တဲ့ ကုမုဒြာရဲ့ ဟိုးငယ်စဉ်အတိတ်က အသက်မပြည့်သေးပဲ မိတ်ဖက်ခံခဲ့ရပြီး အရှက်ကွဲခဲ့တဲ့အချိန်ကို ပြန်လည်ထုတ်ဖော်လိုက်ကြသည် ။ သတင်းတွေကပို၍ကြီးလာကာ သူတို့ ၂ ယောက်လုံးရဲ့အိမ်ထောင်ရေးက အတုအယောင်ဆိုတာ ယုံကြည်သွားကြပြီး နောက်ကွယ်မှာဖောက်ပြန်နေကြောင်း စွတ်ဆွဲထားကြသည် ။

ထိုအချိန်က မုဒြာရဲ့မိတ်ဖက်ဟာ ဧကရာဇ်မောင်ဖြစ်နေခဲ့ပေမဲ့ သတင်းထဲမှာရေးသားထားတာက မုဒြာကဘယ်ကမှန်းမသိတဲ့အယ်ဖာရဲ့ မိတ်ဖက်ခြင်းကိုခံခဲ့ရပြီး ဧကရာဇ်မောင်ဆိုတဲ့အယ်ဖာကို ငွေပေးပြီးသူ့ရဲ့မိတ်ဖက်အဖြစ်ဝယ်ယူခဲ့သည် ။ ဒါကြောင့် ဧကရာဇ်မောင်က ကုမုဒြာကို တကယ်မချစ်ပဲ နောက်ကွယ်မှာ ဖောက်ပြန်နေခြင်းဖြစ်ပြီး ကသစ်ပန်းက အဆင်မပြေတဲ့အိမ်ထောင်ရေးတစ်ခုမှာ အသုံးချခံသပ်သပ်ဟု ရေးသားဖော်ပြထားကြသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now