Chapter 174

18.2K 2.6K 145
                                    

Unicode

မွေးနေ့လက်ဆောင်
__________________________________

နှစ်ယောက်သား ရိုမန့်တစ်ဆန်သည့် မီးရောင်စုံတွေကြား ခဏလောက်လမ်းဆက်လျှောက်နေလိုက်ကာ တော်တော်လေးကြာမှ ဟိုတယ်ပြန်ပြီး ညစာစားဖို့ပြင်တော့သည်။

ယန်းချင်းချီ ဟိုတယ်ထဲဝင်ဝင်ချင်း ကြယ်ရောင်စုံလင်းလက်နေသည့် ဟိုတယ်မျက်နှာကျက်ကြီးကို တွေ့လိုက်ရပြီး အမှောင်ချထားသည့် ဟိုတယ်လျှောက်လမ်းမှာလည်း အသည်းပုံ ဖယောင်းတိုင်လေးတွေဖြင့် လမ်းတစ်ဖက်တစ်ချက်ကို အလှဆင်ထားသည်။ ဟိုတယ်ဧည့်ကြိုထဲ အလှထား,ထားသည့် သစ်ပင်ပန်းမန်တွေမှာလည်း ခပ်ဖျော့ဖျော့ မီးကြိုးလေးများဖြင့် တန်ဆာအဆင်ခံထားရပြီး မှိတ်တုတ် မှိတ်တုတ်လင်းလက်နေကာ သာယာငြိမ့်ညောင်းသည့် စန္ဒယားသံလေးက ဟိုတယ်အတွင်း ပဲ့တင်ထပ်နေသည်။

ယန်းချင်းချီ ကျန်းမော့ချန်ဘက်လှည့်ကာ

'' ဒါလား ခင်ဗျားပြောတဲ့ ဧည့်ကြိုကောင်တာမှာ ရှင်းစရာရှိတဲ့ကိစ္စ ''

ကျန်းမော့ချန်ပြုံးကာ ယန်းချင်းချီကို အသည်းပုံဖယောင်းတိုင်လေးတွေ လမ်းညွှန်ရာတစ်လျှောက် ဆွဲခေါ်သွားပြီး ဟိုတယ်စားသောက်ဆိုင်ထဲဝင်လိုက်သည်။

စားသောက်ဆိုင်ကလည်း အံ့သြစရာမရှိလောက်အောင် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သည်။ စားသောက်ဆိုင်ထက် နှင်းဆီဥယျာဥ်အလား သတ်မှတ်လို့ရအောင် နှင်းဆီဖြူ၊နှင်းဆီပြာများဖြင့် နှင်းဆီပန်းခင်းကြီးသဖွယ် အလှဆင်ထားသည်။ ယန်းချင်းချီ ဖြတ်လျှောက်သွားရင်း နှင်းဆီအဖြူတစ်ပွင့်ကို ကောက်နမ်းကြည့်လိုက်တော့ ရနံ့သင်းသင်းလေးရှိနေသည်။

'' မွှေးသေးသားပဲ ''

ကျန်းမော့ချန် အထူးပြင်ဆင်ထားသည့် စားပွဲဆီ ယန်းချင်းချီကို ဆွဲခေါ်လာကာ ခုံဆွဲပေးပြီး ဝင်ထိုင်ခိုင်းသည်။ ထို့နောက် သူလည်း ယန်းချင်းချီ ရှေ့တည့်တည့်က ခုံမှာဝင်ထိုင်လိုက်သည်။ စားပွဲတစ်ဖက်တစ်ချက်ရှိ ဖယောင်းတိုင်မီးရောင်နှစ်ခု ကခုန်နေသည်မှာ ပုံရိပ်ယောင်လိုလိုအိမ်မက်လိုလိုဖြင့် ထင်ယောင်ထင်မှားဖြစ်စေမည့် အငွေ့အသက်တွေပေးစွမ်းနေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now