Chapter - 94

6.7K 1.2K 73
                                    

မိုးရွာပြီးတဲ့နောက်တော့ အပူချိန်ကထိုးဆင်းသွားကာ ဆောင်းရဲ့သရုပ်က ပိုမိုပီပြင်လာသည်။

ကျန်းကျောက်ကျူးမှာ မနှစ်က အထမြောက်ခဲ့တဲ့ မနက်ခင်းအပြေးလေ့ကျင့်ခန်းကို ပြန်အမှတ်ရကာ ဒီနှစ်လည်း ထပ်ပြေးခိုင်းဖို့ ကြံစည်လေတယ်။

ကျောင်းသားတွေခမျာ စိတ်ပါပါမပါပါ ပြေးချင်သည်ဖြစ်စေ မပြေးချင်သည်ဖြစ်စေ နားချိန်ဆိုလျှင် လေတဟူးဟူးနဲ့ ချမ်းအေးလှသည့် ကွင်းပြင်ထဲမှာ လူလာစုရတယ်။

ကျောင်းတစ်ကျောင်းလုံး တိုက်ပွဲဝင်နေသလို ပြေးကွင်းထက်က မြင်ကွင်းမှာ အားတက်သရောရှိလှတယ်။ ကျောင်းသားတွေရဲ့မျက်နှာကို အနီးကပ်ကြည့်မှသာ သေချင်စော်နံနေတဲ့ရုပ်ကလေးတွေကို မြင်ရမှာတစ်ခုပဲ။

ပြေးလို့ပြီးတော့ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် စာသင်ဆောင်ဆီ ပြန်လာကြတယ်။

ခြေထောက်တွေပျော့ခွေနေပြီဖြစ်တဲ့ ဟန်မုန့်က လှေကားတက်တာကို ကျန့်ယောင်ပခုံးပေါ်က မှီတွဲရင်းလိုက်ပါလာတယ်။
"ယောင်ကောရေ ယောင်ကောတို့ ခွန်အားကတော့ pro maxပဲ...."

ကျန့်ယောင် : "တိတ်စမ်း ဘေးမှာ ငါ့ကောင်လေးနဲ့၊ ထပ်ပြောကြည့် ကန်ချပစ်လိုက်မှာ"

ရင်းချဲယ်ကတော့ သူတို့နှစ်ယောက်ကို အဖက်မလုပ်ပဲ လက်ကို အိတ်ကပ်ထဲထိုးထည့်ရင်း လှေကားပေါ်တက်သွားတယ်။ စာသင်ခန်းဘက်ကို ကွေ့မယ်လုပ်တော့ လှေကားထောင့်မှာ ထိုင်နေတဲ့ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတယ်၊ နောက်တစ်ယောက်ကမူ ဘေးကနေ စိုးရိမ်တကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတယ်။ ထိုသူက သူလာတာလည်းမြင်ရော ချက်ချင်းထပြီးပြောလာတယ်။
"ဒီမှာ! တစ်ခုလောက်ကူညီပေးပါလား!"

နောက်ကလိုက်လာတဲ့ ဟန်မုန့်က ဘယ်သူတွေဆိုတာမြင်တော့ သူ့နားကို တိုးတိုးကပ်ပြောတယ်။
"ချယ်ကော သူတိူ့ကို ဂရုစိုက်မနေနဲ့"

ကြမ်းပြင်ပေါ်မှာ ဗိုက်ကိုလက်နှစ်ဖက်နဲ့အုပ်ကာ ထိုင်နေတဲ့ ဆုချီကို ရင်းချယ် တစ်ချက်ကြည့်ပြီး ခုနသူ့ကိုလှမ်းအော်တဲ့ ထန်ရှရှဆီကို ပြန်ကြည့်လိုက်တယ်၊ ပြီးမှ အဲ့နားလျှောက်သွားလိုက်တယ်။
"ဘာဖြစ်တာလဲ?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now