Uni
"ခေတ်လေး
အိပ်လေ ဘာလို့လည်း ""မောင့်!! ခေတ်ကြောက်နေလို့ "
"မကြောက်ပါနဲ့ မောင်တစ်ယောက်လုံး ခွဲခန်းထဲမှာ ခေတ်လေးအတူ ရှိနေမှာလေ "
မနက်ဆို ခေတ်လေးက မီးဖွားဖို့ ဆေးရုံတက်ရမှာ သဘက်ခါ မနက်အစော မွေးဖို့အားလုံး စီစဥ်ထားကြတာ ။ ခေတ်လေး က ယောကျာ်းလေးမို့ အန္တရာယ်များလို့ ဗိုက်နာတာ ကို မစောင့်ပဲ ultrasound due date အရ ခွဲမွေးမှာ။ သားလေးကို မွေးဖို့ တနင်္လာ နေ့ကို ဆရာမကြီး က ရွေးပေး၏။ တနင်္လာ နေ့က နေ့ကောင်းရက်သားလေး ကျတယ်ဆိုပြီး အမေ နှစ်ယောက်နဲ့ ဆရာမကြီးက ရွေးလိုက်ကြတာ ။ ခေတ်လေးကိုသာ အားပေးစကားပြောနေရတာ ရွှေဘုန်းက ပိုပြီးစိတ်လှုပ်ရှားနေမိသည်။
"အင်းပါ ခေတ် မကြောက်တော့ပါဘူး မောင်လည်းရှိနေမှာဆိုတော့ "
"အိပ်လိုက်တော့ မောင့်ခေတ်လေး သားလေးနဲ့ တွေ့ရင် လည်း အိပ်ရေးတွေပျက်အုန်းမှာ အခုကတည်းက အိပ်ရေးဝအောင် မောင်တို့က အားတင်းထားရမယ်လေ "
"အင်းပါ "
"ခေတ်ကို နမ်းအုန်း "
"ပြွတ်စ်စ် "
"အားပြည့်သွားပြီလား "
"အင်း မောင့်အနမ်းက ခေတ် အတွက် အားဆေး တွေထက် ပြည့်စုံ နေပြီ"
"ချစ်တယ် မောင့် ခေတ်လေး
5ting ""ခေတ်လည်း အရမ်းချစ်တယ် "
မောင့်ရင်ခွင်ထဲဝင်ပြီး ဝင်ပြီး အိပ်လိုက်တာ ချက်ချင်းကြီးကို အိပ်ပျော်သွားတော့တာပဲ ။မောင်ရင်ခွင်က ခေတ့်အတွက် အကောင်းဆုံးအိပ်ဆေးပါ ။
"ဝါးးး "
ခေတ် မနက်နိုးလာတော့ မောင်က ဘေးမှာ ရှိမနေပါ ။ ခေတ် ဖုန်းကိုယူကြည့်လိုက်တော့ မနက် ၈နာရီတောင်ထိုးနေပြီ။
"ချပ် "
တံခါးဖွင့်သံနဲ့အတူ မောင်ဝင်လာသည်။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး