Ongoingအပိုင်း(1) Un Zaw

38.3K 978 43
                                    

" ခွပ်ဒေါင်းမာန် !!  ထစမ်း

"ဟာ  ဘာတုံး အဖေရာ အစောကြီးရှိသေးတာကို 

" ငဟျောင့် မင်းထစမ်းပါ မင်းမနေ့ညက ဟိုဘက် ကမ်းက ဦးဘသိုက်ကို ဘာလုပ်လိုက်တာလဲ

"ဟာအဖေရာ ကျတော်က ဦးဘသိုက်လို သက်ကြားအိုကြီးကို ဘာလုပ်ရမှလဲ

"ဘာကွ မင်းမနေ့ညက သူအိမ်ရှေ့ သီချင်းသွားဆိုတယ်ဆို ငါကိုအခု ‌ဦးဘသိုက်က လာတိုင်သွားတယ်

မနေ့က ညနေပိုင်း

" အာစိကျတော်တို့ ဒီည ကျတော်ကြိုက်‌ နေတဲ့ ကောင်မလေးအိမ်သီချင်းသွားဆိုမလို့ အာစိ လိုက်ခဲ့ပါလား

" ငါကဘာကိစ္စလိုက်ရမှာလဲ မင်းဘာသာသွားလေ အေ့
ငမဲတူးအမြည်းနဲ့ ထန်းရည်ထပ်ပြီးသွားယူ‌  ပေး

"ဟုတ်အာစိ

"အာစိကလဲလိုက်ခဲ့ စမ်းပါ ဗျာ ကျတော်နဲ့ ငမဲတူးနှစ်ယောက်ထဲမလို့ပါ ပြီးတော့ ဦးဘသိုက်ကြီးကိုလဲ ကြောက်ရတယ်

" ငကျော်မင်း ငါတပည့်ဖြစ်ပြီး ဘာကို‌ကြောက်နေတာလဲ

"အာစိကလဲကျတော်က‌ကြောက်တာ မဟုတ်ပါဘူး  တစ်ချိန်ကျတော်ရမဲ့ ယောက္ခထီးဆိုတော့ နည်းနည်း ရှိန်တာပေါ့

"ထွီး  အဖြေတောင်ပြန်မရသေးတာကို 
မင်းက  အဖေရောသမီး‌ ရောကိုကြောက် ပြနေတာ ငါတပည့်လို့မပြောနဲ့ ငါ သိက္ခာကျတယ်

" အာစိ ထန်းရည်နဲ့ လယ်ကြွက်ကင်လေးရပါပြီ

" မင်းကအတော်ဆုံးဘဲ ငမဲတူး အေ့ ငါကိုတစ်ခွက် ထည့်ပေးစမ်း

"ရစေရမယ်အာစိ

ကျော်ကြီး ခေါင်းသာကုတ်နေလိုက်တော့သည် အေးမြလေး ကိုသွားပိုးပန်းမလို့အာစိကိုအဖော်ခေါ်တော့လဲမရ ငမဲတူးနဲ့ကျတော် နှစ်ယောက်ထဲကျ  လဲ မသွားရဲ

"ငကျော် မင်းဘာမှတွေးပူ‌မနေနဲ့  ငါလိုက်ခဲ့မယ် အဲ့ဦးဘသိုက်သမီးမင်းကိုပြန်ကြိုက်အောင် ငါကူညီပေးမယ်

"ကျေးဇူးပါအာစိရာ

" အခုငါခြေထောက်နှိပ်ပေး

"ဟုတ်ကဲ့အာစိ

ခွပ်ဒေါင်းမာန် ဆိုရင် ညီးစုရွာ တင်မကဘူး အနီးနာကရွာကလူတွေပါ ကြောက်ရတယ်။ ခွပ်ဒေါင်းမာန်ဆို မသိတဲ့သူမရှိသလောက်ရှား၏

ဒေါင်းWhere stories live. Discover now