" ကိုကိုမြင့် ။ ရော့ ငါးဖယ်လေး စားချေ ။ "
သီရိမြိုင်စံအိမ်တော်ကြီးရဲ့ ထမင်းစားခန်းကြီးထဲ၌ ရာဇဝတ်အုပ်ကိုမြင့်မောင် နဲ့ အတူတူ ဇနီးငယ် ညိုလေးတို့ နှစ်ယောက် ထိုင်နေကြခြင်း ဖြစ်သည် ။
ညိုလေးကတော့ မစားပါ ။ မမမြိုင် မစားရသေးတဲ့ အိုးထဲကထမင်းကို ညိုလေး မနှိုက်ချင်ခဲ့ပါ ။
" ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ရောက်လာတာလဲဟင် ။ ကျွန်မက ကိုကိုမြင့်ဆီ ထမင်းချိုင့် လာပို့တော့မလို့ပဲ ။ "
" ဟော ညိုလေးရယ် ။ တစ်ခေါက်လောက်တော့ ကိုကိုမြင့်လည်း ဇနီးငယ်ရဲ့ မျက်နှာကိုကြည့်ပြီး ထမင်းစားချင်တာပေါ့ ။ "
" ဟွန့် ။ ကိုကိုမြင့်နော် ။ ဒီစကားကို မမမြိုင်ကြားရင် ကျွန်မကို မုန်းလိမ့်မယ်ရှင့် ။ "
" ဘယ်ကသာ ။ မြိုင်က အဲ့လိုမိန်းမမျိုး မဟုတ်ဘူး ဆိုတာ ကိုကိုမြင့် ကောင်းကောင်းသိတယ် ။
အခုက ညိုလေးကို သူစိတ်ဆိုးနေတာပါ ။ "
" ဒီလိုပဲ မျှော်လင့်ရပါတယ်လေ ။ "
ကိုမြင့်မောင်ဟာ စားနေတဲ့ ဇွန်းကို ပန်းကန်ပေါ်၌ချကာဖြင့် ဘေးကရေနွေးခွက်ကိုယူကာ တစ်ငုံကယ်မျှ သောက်လိုက်ပေတော့သည် ။ ညိုလေးကတော့ လင်ယောက်ျားကို ဘေးနားက ယက်တောင်လေးခပ်ပေးနေလို့ပါပဲ ။
" သြော် ။ ဒါနဲ့ ဒါနဲ့ ။
မြိုင် နဲ့ရော အဆင်ပြေရဲ့လား ။ အခြေအနေတွေရော ဘယ်အဆင့်ထိ ရောက်ပြီလဲ ။ "
ကိုမြင့်မောင်ရဲ့ စကားကြောင့် ညိုလေးမှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပေတော့သည် ။
" ဟူး ။
အဲ့တာတော့ ပြောကို မပြောချင်တော့ပါဘူး ကိုကိုမြင့်ရယ် ။
မမမြိုင်ကလေ ကျွန်မနဲ့ပတ်သက်ရင် ဇီဇာအရမ်းကြောင်တာပဲရှင် ။
ဒီကတော့ဖြင့် အစ်မတစ်ယောက်လို ချစ်လိုက်ရတာ ။ မမမြိုင်ကတော့ ကျွန်မကို သူစိမ်းလိုပဲ သတ်မှတ်ထားနေဆဲပဲလား ။
အို ။ မသိတော့ပါဘူး ကိုကိုမြင့်ရယ် ။ "
" ဘာပဲဖြစ်ဖြစ် ။ ညိုလေးက မြိုင် သဘောကျလာအောင် ကြိုးစားရမယ့်သူ မဟုတ်လား ။ အဲ့အတွက် အားတင်းထား ။ ညိုလေးအနောက်မှာ ကိုကိုမြင့်တစ်ယောက်လုံးရှိတယ် ။ မြိုင့်အကြောင်း သိချင်ရင် မေးလှည့် ။ ဟုတ်ပြီလား ။ "
YOU ARE READING
ချစ်မိပြန်ပြီ မမမြိုင် ( Complete )
General Fiction‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.2023